သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒိုရီယံမုန်တိုင်းဒဏ် ပြန်လည်နာလန်ထူရေး ဘဟားမားကြိုးပမ်း


တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ရက်ပိုင်းက ဟာရီကိန်းမုန်တိုင်း ဒိုရီယံဒဏ် ပြင်ပြင်းထန်ထန် ခံလိုက်ရတဲ့ ဘဟားမားနိုင်ငံက နေရာအတော်များများမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေနဲ့ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။ မုန်တိုင်းကြောင်း လူပေါင်း ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ဒီကရေဘီယံကျွန်းနိုင်ငံမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့အကူအညီတွေကိုတော့ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေးအဖွဲ့တွေက ဆောင်ရွက်နေကြပါတယ်။ ဘဟားမားက နောက်ဆုံးအခြေအနေကိုတော့ ဒီလိုကူညီပေးနေသူတွေကို မေးမြန်းပြီး ဗွီအိုအေသတင်းထောက် Arash Arabasadi က သတင်းပေးပို့ထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးပါမှာပါ။

XS
SM
MD
LG