သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် နိုင်ငံတကာတရားစီရင်ရေး အလားအလာ


မြန်မာအပေါ် နိုင်ငံတကာတရားစီရင်ရေး အလားအလာ
please wait

No media source currently available

0:00 0:10:13 0:00
တိုက်ရိုက် လင့်ခ်

မန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်၊ ဖိနှိပ်မှုတွေ ဖြေရှင်းနိုင်ခြင်းမရှိပဲ အချိန် ကြာလေလေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုမှာ တာဝန်ရှိသူတွေ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ လမ်းမရှိလေ ဖြစ်လာနေကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက သတိပေးပြောဆိုခဲ့ကြပါတယ်။

မြန်မာအပေါ် နိုင်ငံတကာတရားစီရင်ရေး အလားအလာ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်၊ ဖိနှိပ်မှုတွေ ဖြေရှင်းနိုင်ခြင်းမရှိပဲ အချိန် ကြာလေလေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုမှာ တာဝန်ရှိသူတွေ အဖြစ်ကနေ ရုန်းထွက်နိုင်ဖို့ လမ်းမရှိလေ ဖြစ်လာနေကြောင်း စက်တင်ဘာလ ၉-၂၇ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက သတိပေးပြောဆိုခဲ့ကြပါတယ်။
နိုင်ငံတကာဥပဒေချိုး ဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့မြန်မာနိုင်ငံအတွက် နိုင်ငံတကာဥပဒေနဲ့အညီ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂက ပြင်ဆင်ဆောင်ရွက်နေပါသလဲ။ စက်တင်ဘာလ ၉-၂၇ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို အရပ်ဖက် အဖွဲ့အစည်းအနေနဲ့ တက်ရောက်ခဲ့တဲ့ ဗြိတိန်အခြေစိုက် Burma Human Rights Network ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကိုကျော်ဝင်းကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG