သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှန်-မှား စိစစ်နိုင်မယ့် သင်ရိုးညွှန်းတမ်း


သတင်းမှန်-မှား စိစစ်နိုင်မယ့် သင်ရိုးညွှန်းတမ်း
please wait

No media source currently available

0:00 0:03:09 0:00

မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ လူမှုကွန်ရက် အသုံးပြုမှုတွေ ပိုမို တွင်ကျယ်လာပြီး သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်လာတာနဲ့ အမျှ သတင်းမှန်-သတင်းမှား ခွဲခြား စိစစ်နိုင်ဖို့ အရေးကြီးတယ်လို့ သတင်းမီဒီယာနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။ ပြည်သူတွေ သတင်းအချက်အလက် အမှန်တွေသိရှိနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှု သင်ရိုးညွှန်းတမ်းဝက်ဘ်ဆိုဒ်တခုနဲ့အတူ သတင်းအချက်အလက် အမှား-အမှန် ခွဲခြားနိုင်အောင် Facebook messenger ကနေတဆင့် မေးမြန်းစိစစ်နိုင်မယ့် Messenger Bot တခုကိုတော့ ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) က ဒီကနေ့ ရန်ကုန်မြို့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG