သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးရှေ့နေ ကင်တားနားနဲ့ သီးသန့်မေးမြန်းချက်


လူ့အခွင့်အရေးရှေ့နေ ကင်တားနားနဲ့ သီးသန့်မေးမြန်းချက်
please wait

No media source currently available

0:00 0:07:09 0:00

မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနားတရားရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana က ပြောပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာမက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ ကိုပါ “Universal Jurisdiction” နိုင်ငံတကာဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင်ကြား ထားတာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို၊ နိုင်ငံတကာက စွပ်စွဲနေသလောက် ချိုးဖောက်မှုတွေမရှိခဲ့ကြောင်း တုံ့ပြန်ထားတာပါ။ အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်လို့ အကျိုးဆောင်ဥပဒေပညာရှင်အဖြစ် လိုက်ပါဆောင်ရွက်နေတဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း လည်းဖြစ်တဲ့ အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana ကို မအင်ကြင်းနိုင်က Skype ကနေတဆင့် သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG