သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီတွင်း ပဏာမရွေးကောက်ပွဲများ အလားအလာ


ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးကောက်ပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂ ရက် အိုင်အိုဝါ ပြည်နယ်မှာ စကျင်းပမှာ ဖြစ်တာကြောင့် နှစ်သစ်ကူး ဇန္နဝါရီလအတွင်း သမ္မတကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲတွေ အရှိန်မြင့်လာပါလိမ့်မယ်။ လူထုစစ်တမ်းတွေမှာတော့ သမ္မတကိုယ်စားလှယ်လောင်းတွေထဲမှာ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်က ရှေ့က ပြေးနေပါတယ်။ ဒါပေမဲ့ တခြား ယှဉ်ပြိုင်နေသူတွေကလည်း အစောပိုင်း ကျင်းပမယ့် Iowa, New Hampshire နဲ့ တောင် Carolina ပြည်နယ်တွေက ရွေးကောက်ပွဲတွေမှာ ထောက်ခံမှု အခိုင်အမာရအောင် ကြိုးစာနေပါတယ်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေအပေါ် သုံးသပ်ချက် Jime Malone ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။

XS
SM
MD
LG