Trump အစိုးရနဲ့ နိုင်ငံတကာ ပဋိပက္ခကိုင်တွယ်မှု
အမေရိကန်ပြည်ထောင်စု ပါဝင်နေတဲ့ စစ်ပွဲတွေကို ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေလို့ သုံးနှုံးပြီး ဒီစစ်ပွဲတွေကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ်ဆိုတဲ့ကတိတွေနဲ့ သမ္မတ Donald Trump မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်စစ်သည် ၂ သိန်းဝန်းကျင် ပြည်ပမှာ တပ်စွဲနေရဆဲဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာဆိုရင် Donald Trump သမ္မတတာဝန် စတင် ထမ်းဆောင်ချိန်ကထက်တောင် စစ်သည်အရေအတွက် ပိုများနေတာတွေ့ရပါတယ်။ နိုင်ငံရပ်ခြားပဋိပက္ခတွေအပေါ် သမ္မတထရမ့်အစိုးရရဲ့ ကိုင်တွယ်ပုံမဟာဗျူဟာနဲ့ လာမယ့်နှစ်တွေမှာ ဘယ်လိုကိုင်တွယ်သွားနိုင်သလဲဆိုတာတွေကို VOA အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သုံးသပ်ထားပါတယ်။ ဒေါ်ခင်စိုးဝင်း တင်ပြပါလိမ့်မယ်။