ကယ်ဆယ်ရေး လုပ်ငန်းအတွက် ဂျပန် စက်ရုပ်များ
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မကြာသေးခင်ကကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲအတွင်း ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ စက်ရုပ်တွေကို ပြသခဲ့ပါတယ်။ တချို့စက်ရုပ်တွေက ဂိမ်းကစားတဲ့ စက်ရုပ်တွေဖြစ်ပြီး ၊ တချို့စက်ရုပ်တွေကတော့ လူတွေကို ကယ်တင်ဖို့အတွက် အင်ဂျင်နီယာတွေက တီထွင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေရှိနေခြင်းက ကမ္ဘာကြီးကို အနည်းငယ်ပိုပြီးတော့ ကောင်းမွန်စေဖို့အတွက် ဖြစ်တယ်ဆိုတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Arash Arabasadi သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။