တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့မြန်မာနိုင်ငံခရီးစဉ်
တရုတ်မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာမှာ အရေးယူဖို့ ကြိုးပမ်းမှုတွေ ပေါ်ပေါက်နေချိန်မှာ သံတမန်ရေးအရ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင် မြန်မာနိုင်ငံကို လာရောက်တာပါ။ ဒီခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အပါအဝင် တခြားနေရာတွေက စီမံကိန်းတွေအတွက် ရင်းနှီးမြုပ်နှံမယ့် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ထားကြပါတယ်။ ကိုသိန်းထိုက်ဦး စုစည်း တင်ပြပါလိမ့်မယ်။