သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကုန်သွယ်ရေးသဘောတူညီချက်နဲ့ အမေရိကန်လယ်သမားများ


တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြား ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက် ရယူနိုင်ခဲ့တာဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်ဆက်ဆံမှုတွေ ရေရှည် တည်ဆောက်သွားနိုင်မယ့် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်တဲ့အကြောင်း သမ္မတ Trump အစိုးရက ဂုဏ်ယူပြောဆိုပါတယ်။ တရုတ်ဟာ အမေရိကန်လယ်ယာထွက်ကုန်တွေကို အများဆုံးဝယ်နေတဲ့နိုင်ငံပါ။ ဒါကြောင့် အခု ပထမအဆင့် သဘောတူညီချက် ရလိုက်တဲ့အပေါ် အမေရိကန်လယ်သမားတွေ ကြိုဆိုကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ဒီသဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ် စိုးရိမ်မှုတွေရှိနေကြောင်း အီလီနွိုင်းပြည်နယ်က လယ်ယာ စိုက်ပျိုးရေးခြံတခုကို သွားရောက် သတင်းယူခဲ့တဲ့ Kane Farabaugh ရဲ့ပေးပို့ချက်ကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

XS
SM
MD
LG