သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူလူချင်း ကူးစက်တဲ့ Covid-19 ရောဂါအန္တရာယ် ကူးစက်အထူးကုဆရာဝန်နဲ့ Skype ဆက်သွယ်မေးမြန်းချက်


ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး နောက်ဆုံး ကူးစက်ခံနေရတဲ့ တောင်ကိုရီးယား အပါအဝင် အီတလီ၊ အီရန် စတဲ့ နိုင်ငံတွေကိုကြည့်ရင် ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံကလာတဲ့လူတွေဒါမှမဟုတ် တရုတ်က ပြန်လာတဲ့သူတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ပြောပါတယ်။

Zawgyi/ Unicode
ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး နောက်ဆုံး ကူးစက်ခံနေရတဲ့ တောင်ကိုရီးယား အပါအဝင် အီတလီ၊ အီရန် စတဲ့ နိုင်ငံတွေကိုကြည့်ရင် ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံကလာတဲ့လူတွေဒါမှမဟုတ် တရုတ်က ပြန်လာတဲ့သူတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ပြောပါတယ်။
အထူးသဖြင့် ရောဂါလက္ခဏာမပြပဲ လူလူချင်း ကူးစက်နေတဲ့အတွက် အန္တရာယ်ကြီးကြောင်း သူကပြောပါတယ်။ ဒီအတောအတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာပေမယ့် အခြားနိုင်ငံတွေမှာ ပြန့်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အခွင့်အလမ်း မရှိသလောက် ဖြစ်လာနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း တနင်္လာနေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လူလူချင်း ကူးစက်တဲ့ Covid-19 ရောဂါနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ စိုးရိမ်ရမလဲ။ ကိုရိုနာ ဗိုင်းရပ်စ်ဟာ SARS၊ MARS နဲ့ အခြား ရာသီတုပ်ကွေး ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုကွာခြားလဲ။
အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်ကို Skype ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
-------------
လူလူခငြျး ကူးစကျတဲ့ Covid-19 ရောဂါနဲ့ ပတျသကျလို့ ဘယျလောကျထိ စိုးရိမျရမလဲ။ ကိုရိုနာ ဗိုငျးရပျဈဟာ SARS၊ MARS နဲ့ အခွား ရာသီတုပျကှေး ရောဂါလက်ခဏာတှနေဲ့ ဘယျလိုကှာခွားလဲ။
XS
SM
MD
LG