(zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ လူနည္းစုေတြကို ခဲြျခားဆက္ဆံတဲ့ ဥပေဒနဲ႔ မူဝါဒေတြဟာ ႏွစ္ေပါင္းမ်ားစြာကတည္းကရွိေနၿပီး၊ ျမန္မာ့လူ႔အခြင့္အေရးတိုးတက္လာဖို႔ဆိုရင္ အဲဒီ ဥပေဒနဲ႔မူဝါဒ ျပင္ဆင္ေရးေတြကို ေဆာင္ရြက္ရမယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးက အခုက်င္းပေနတဲ့ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ေထာက္ျပခဲ့ပါတယ္။ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးလုပ္ေဆာင္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီလို မူဝါဒေတြ တကယ္ပဲ ရွိေသးရဲ႕လား၊ လက္ရွိ ဒီမိုကေရစီအရပ္သားအစိုးရကေရာ ဒီမူဝါဒေတြကို ျပဳျပင္ေျပာင္းလဲဖို႔ စိတ္ဆႏၵရွိရဲ႕လား.. စတာေတြကို လာမယ့္ အဂၤါေန႔ည တိုက္႐ိုက္ေလလိႈင္းအစီအစဥ္မွာ သံုးသပ္ေဆြးေႏြးပါမယ္။
ပါ၀င္ေဆြးေႏြးေမးျမန္းလိုတဲ့ ေသာတရွင္ေတြအေနနဲ႔ မိမိတို႔ တယ္လီဖံုးနံပတ္ေတြ ႀကိဳတင္ပို႔ထားမယ္ဆိုရင္ တိုက္႐ိ္ုက္ေလလိႈင္းအစီအစဥ္ထုတ္လႊင့္ခ်ိန္မွာ ေခၚယူမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ ကိုယ့္အျမင္ ကိုယ့္ေမးခြန္းေတြကို စာနဲ႔ျဖစ္ေစ အသံဖိုင္နဲ႔ျဖစ္ေစ ႀကိဳတင္ေပးပို႔ထားလို႔လည္း ရပါတယ္။ VOA ျမန္မာပိုင္း ဖံုးနံပတ္က +1 202 382 5554 ျဖစ္ၿပီး၊ အီးေမလ္လိပ္စာက burmese@VOANews.com ျဖစ္ပါတယ္။ ပါ၀င္ေဆြးေႏြးေမးျမန္းၾကမယ့္ ေသာတရွင္ေတြကို ႀကိဳဆိုပါတယ္။
မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား
(တိုက်ရိုက်လေလှိုင်း)
မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာကတည်းကရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင်ရွက်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးပါမယ်။
ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေအနေနဲ့ မိမိတို့ တယ်လီဖုံးနံပတ်တွေ ကြိုတင်ပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်ထုတ်လွှင့်ချိန်မှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့လည်း ရပါတယ်။ VOA မြန်မာပိုင်း ဖုံးနံပတ်က +1 202 382 5554 ဖြစ်ပြီး၊ အီးမေလ်လိပ်စာက burmese@VOANews.com ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းကြမယ့် သောတရှင်တွေကို ကြိုဆိုပါတယ်။