သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမှာ မိုင်းနင်းမိလို့ ရိုဟင်ဂျာကလေးငယ်တဦး သေဆုံး


တိုက်ရိုက် လင့်ခ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နွားကျောင်းနေတဲ့ ရိုဟင်ဂျာ ကလေးငယ်တဦး သောကြာနေ့က မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။ ရိုဟင်ဂျာကလေးငယ် ၅ ဦး နွားကျောင်းနေကြစဉ် မိုင်းနင်းမိခဲ့တာလို့ ဒေသခံ Arakan Yoma အွန်လိုင်း သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ ဘုချေ ဆိုသူဖြစ်ကြောင်းနဲ့ သူဟာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာကဖြစ်တယ်လို့ ဆိုပါတယ်။ အခြား လူငယ် ၄ ဦးကတော့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ ရိုဟင်ဂျာဌာနက ရရှိခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုမှာလည်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ပုံကို ပြသထားပါတယ်။ မြန်မာစစ်တပ်က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒေသန္တရနင်းမိုင်းကို နင်းမိပြီး အသက် ၁၂ နှစ်အရွယ် ဘင်္ဂါလီ ကလေးငယ်တဦး သေဆုံးခဲ့ကြောင်းနဲ့ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်တပ်က အဲဒီလို စွပ်စွဲ ပြောဆိုတဲ့အပေါ် AA ဘက်ကတော့ ချက်ခြင်း တုန့်ပြန်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG