သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




---------------
COVID-19 ရောဂါ ကပ်ဘေးကြီးကို ရင်ဆိုင်ကျော်လွှားနေတဲ့ နယူးရောက်က မေ့ဆေးအထူးကုဆရာဝန် အတွေ့အကြုံ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့က ဆေးရုံတွေမှာ COVID-19 ကပ်ဘေးရောဂါ ရင်ဆိုင်နေရတဲ့အခြေအနေဟာ ငရဲတွင်းရောက်နေသလို ခံစားရကြောင်း နယူးရောက် Queens Hospital Center က မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာ နီနီခင် ကဗွီအိုအေကိုပြောပါတယ်။
အမေရိကန် မှာ ဒီသတင်းပတ်အစမှာတင် COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၁၀,၇၈၃ ရှိနေပြီး၊ ကူးစက်ခံရသူပေါင်း ၃၅၇,၀၀၀ နီးပါးရှိနေပါတယ်။ ဒါတောင် အခုလို ကမ္ဘာ့ကပ်ဘေးရောဂါကျရောက်နေချိန်ကာလ အမေရိကန်နိုင်ငံမှာ အဆိုးဆုံးအခြေအနေ မရောက်သေးဘူးလို့ ကျန်းမာရေးကျွမ်းကျင်သူတွေ ခန့်မှန်းထားတာပါ။

နယူးရောက်က ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ရောဂါခံစားနေရတဲ့အခြေအနေကြားက COVID-19 လူနာတွေ အသက်ကယ်နိုင်ရေး ကြိုးပမ်းကုသပေးနေတဲ့ အတွေ့အကြုံတွေကို ဒေါက်တာ နီနီခင်က ဗွီအိုအေနဲ့ Skype ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြထားပါတယ်။
မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
XS
SM
MD
LG