သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာကွယ်ရေး ကြိုးပမ်းမှု နောက်ဆုံးအခြေအနေ ကူးစက်ရောဂါ အထူးကုနဲ့ Skype ဆက်သွယ်မေးမြန်းခန်း


COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေးနဲ့ ဆေးသိပ္ပံ ပညာရှင်တွေ နည်းမျိုးစုံ စမ်းသပ်နေရာမှာ BCG လို့ခေါ်တဲ့ တီဘီအဆုပ်နာရောဂါကာကွယ်ဆေးကို ဧပြီလဆန်းပိုင်းမှာ သြစတြေးလျနဲ့ နယ်သာလန် နှစ်နိုင်ငံမှာ စတင် စမ်းသပ် နေပါတယ်။

Zawgyi/ Unicode

COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေးနဲ့ ဆေးသိပ္ပံ ပညာရှင်တွေ နည်းမျိုးစုံ စမ်းသပ်နေရာမှာ BCG လို့ခေါ်တဲ့ တီဘီအဆုပ်နာရောဂါကာကွယ်ဆေးကို ဧပြီလဆန်းပိုင်းမှာ သြစတြေးလျနဲ့ နယ်သာလန် နှစ်နိုင်ငံမှာ စတင် စမ်းသပ် နေပါတယ်။
အသက်ရှူလမ်းကြောင်း ထိခိုက်စေတဲ့ အခြား ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်နိုင်တဲ့ တီဘီ ကာကွယ်ဆေးကို ဘယ်သူတွေနဲ့ ဘယ်လို စမ်းသပ်နေလဲ၊ နိုင်ငံတော် ကျန်းမာရေးစီမံချက်အဖြစ် ကလေးငယ်တွေကို တီဘီ ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာလို နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ မျှော်လင့်ချက် ဘယ်လောက်ထိရှိနိုင်မလဲ။ COVID-19 ရောဂါဟာ ရာသီအလိုက် ပြန်ပြီး ပေါ်လာမယ့် အခြေအနေရှိနေလား၊ အမေရိကန်ကျန်းမာရေးထိပ်တန်းတာဝန်ရှိသူတွေက လူတိုင်း နှာခေါင်းစည်းတပ်ဆင်ဖို့ အခုချိန်မှ ဘာကြောင့် တိုက်တွန်းရသလဲ။
အမေရိကန်ပြည်ထောင်စု နယူးရောက်က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
----------------

XS
SM
MD
LG