Zawgyi/ Unicode
ဗြိတိန်နိုင်ငံမှာ COVID-19 ကပ်ဘေးရောဂါနဲ့ သေဆုံးသူဦးရေ ကြောက်ခမန်းလိလိမြင့်တက်လာနေတာကြောင့် စစ်ပွဲကာလ ဆေးရုံတွေမှာ ဘယ်သူ့အသက်ကို အရင်ဦးစားပေးကယ်မလဲ ဆိုတဲ့ ရွေးချယ် ကုသတဲ့ အခြေအနေမျိုးရောက်လာနေကြောင်း Leeds မြို့က ဆီးချို အထူးကုဆရာဝန် ဒေါက်တာသက်ကိုကို က ဗွီအိုအေကို ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆရာဝန်၊ သူနာပြုတချို့လည်း သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သူကပြောပါတယ်။
စနေနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဗြိတိန်နိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း ၁၀၀၀၀ နီးပါးထိရှိနေပြီး၊ ကူးစက်ခံရသူပေါင်း ၈၀၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။
အသက်ရှုလမ်းကြောင်းကို အဓိက တိုက်ခိုက်တဲ့ COVID-19 ရောဂါ အတွက် ဗြိတိန်နိုင်ငံတဝန်း ဆေးရုံတွေမှာ ဘယ်လို ပြင်ဆင် ကုသနေသလဲ ဆိုတာတွေကို ဒေါက်တာသက်ကိုကို ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
------------------