သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေ COVID-19 ကာကွယ်ရေးမှာ အသုံးပြုဖို့ပြင်ဆင်


ရန်ကုန်တက္ကသိုလ် (ဇွန် ၂၈၊ ၂၀၁၂)
ရန်ကုန်တက္ကသိုလ် (ဇွန် ၂၈၊ ၂၀၁၂)

(Zawgyi/Unicode)

တနိုင်ငံလုံးက ဌာနပိုင်အဆောက်အဦးတွေကို လိုအပ်ရင် Quarantine center တွေအနေနဲ့သုံးနိုင်အောင် အဆောက်အဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပို့ပေးဖို့ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးကို ဒီကနေ့ အကြောင်းကြားလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

အခု တက္ကသိုလ်၊ ကောလိပ်တွေက ပိတ်ထားပြီး လွတ်နေတဲ့ ကျောင်းသားအဆောင်တွေရဲ့ နေရာ၊ အကျယ်အဝန်းနဲ့ အရေအတွက် စာရင်းကို အစိုးရက ပြုစုနေတာဖြစ်ပါတယ်။ ဒါက COVID-19 ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်မှု တခုဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သိန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။

“လိုအပ်ချက်အရ နောက်ပိုင်း လာလို့ရှိရင် well planned ပါ၊ ဘယ်နေရာမှာ ဘယ်လောက်အထိ ထပ်ပေးနိုင်လဲဆိုတာ capacity ကို သိချင်လို့မေးတာ၊ ကျောင်းတွေမှာ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တွေ ရှိတယ်၊ နည်းပညာ၊ ကွန်ပျူတာရှိတယ်၊ ပညာရေးကောလိပ်တွေ ရှိတယ်၊ ကျောင်းတွေ တော်တော်များများက အိပ်ဆောင်တွေ ရှိတယ်၊ အဲဒီ အိပ်ဆောင်တွေရဲ့ ဆံ့အား၊ ပေးနိုင်တဲ့ အခြေအနေကို ပါချုပ်တွေကို မေးထားတာပါ။”

ပညာရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၄ ကျောင်းရှိပြီး ကျောင်းသား အိပ်ဆောင်အသစ်တွေ၊ ကျောင်းသားမရှိတဲ့ အိပ်ဆောင်တွေရဲ့ စာရင်းကို အစိုးရက ကောက်ယူနေတာဖြစ်ပါတယ်။

ဒါက ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတခုလို့ ရှမ်းပြည်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ကြိုတင်ပြင်ဆင်ထားမှာသာလျှင် ကျနော်တို့ တခါမှ မတွေ့ဖူးတဲ့ COVID ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကို ကျနော်တို့ တားဆီးနိုင်မှာ ဖြစ်သလို သူ့ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း လျှော့နည်းအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် အခုလို ကြိုတင် ပြင်ဆင်ထားတာတွေဟာ အရေးတကြီးလိုအပ်တယ်လို့ ပြောလိုပါတယ်။”

ပြည်တွင်းမှာ ဧပြီလ ၁၃ ရက်က လူပေါင်း ၂၁ ယောက် COVID-19 တွေ့ရှိခဲ့ပြီး ဒါက တရက်ထဲမှာ ပိုးတွေ့ရှိသူ အများဆုံးဖြစ်ခဲ့တာပါ။ အခုလို ဌာနဆိုင်ရာအဆောက်အဦတွေကို Quarantine center အနေနဲ့သုံးဖို့ရှိတာဟာ နောက်ထပ် မမျှော်လင့်ဘဲ ပိုးတွေ့ရှိသူတွေ ထပ်များလာမလားဆိုတဲ့ စိုးရိမ်မှုတွေအပေါ် အစိုးရရဲ့ ပြင်ဆင်မှုတခုလို့လည်း တချို့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG