ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - နယ်စပ်ကုန်သွယ်ရေးမှာ မမျှတမှုတွေ ဖြစ်ပေးနေတာကြောင့် ရှမ်းပြည်နယ်အစိုးရနဲ့ ယူနန်ပြည်နယ် အာဏာပိုင်တို့ မကြာခင် ရက်ပိုင်းအတွင်း ဆွေးနွေးကြဖို့ရှိနေတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရွာတွေမီးရှို့ခံနေရတဲ့ကိစ္စ ဘက်လိုက်မှုမရှိဘဲ စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြတာ၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အခုရက်ပိုင်းအတွင်း ထောင်နဲ့ချီပြီး ပြန်လာနေကြတာ၊ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာနဲ့ ကိုဗစ်ဒဏ် ဆိုးရွားစွာခံနေရတဲ့ အိန္ဒိယမှာ အခုရက်ထဲ အပူလှိုင်းရိုက်ခတ်နေတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာအရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေးနဲ့ ဘလော့ဂါတွေပြောသမျှအစီအစဉ်တို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
04 မတ်၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
03 မတ်၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
27 ဖေဖော်ဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ