ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ရန်ကုန်မြို့တ၀ှမ်းဖွင့်ထားတဲ့ Fever Clinic အခမဲ့ဆေးခန်းတွေက လူနာတွေရဲ့ မေးခွန်းတွေကို အွန်လိုင်းကနေ အလိုအလျောက်ဖြေကြားပေးတဲ့ ၀န်ဆောင်မှုပေးတော့မယ့်အကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကြော့ပြန် ဖြစ်ပေါ်လာတာကြောင့် မြန်မာသံရုံးက သတိပေးချက် ထုတ်ပြန်ထားတာ၊ ကိုဗစ်ကာလအတွင်း အမေရိကန်မှာရှိတဲ့ အာရှတိုက်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာတာ၊ ကိုဗစ်ကြောင့် လူတွေအများအပြား အလုပ်ပြုတ် မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်တာ၊ ကိုရီးယားလေကြောင်းလိုင်းက ခရီးသည်တွေ ခပ်ခွာခွာနေနိုင်အောင် စီးစဉ်ပေးပြီး လေကြောင်းလိုင်း ပြန်ဆွဲနေတာနဲ့ ဗြိတိန်မှာ လက်ရှိအစိုးရလက်ထက်အတွင်း သတင်းလွတ်လပ်ခွင့်တွေ ထိခိုက်မယ့် အန္တရာယ်ရှိနေတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ -အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
26 ဖေဖော်ဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
25 ဖေဖော်ဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
24 ဖေဖော်ဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
21 ဖေဖော်ဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ