ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မြန်မာနိုင်ငံမှာ ခရီးသွားရာဇဝင်မရှိသူတွေအကြား ကိုဗစ် ကူးစက်မှုမရှိတာ သီတင်း ၂ ပတ် ရှိလာပြီဖြစ်ပေမယ့် စိတ်ချရတဲ့အနေအထားမှာ ရှိသေးဘူးလို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောလိုက်တာ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြင်ဆင်မှုတွေအပေါ် နိုင်ငံရေးပါတီတွေရဲ့ အမြင်သဘောထား၊ ရွေးကောက်ပွဲဝင်မယ့် NLD ကိုယ်စားလောင်းအမည်စာရင်းတွေကို ဇွန်လအတွင်း ပေးပို့ကြဖို့ ပါတီဗဟိုကော်မီတီဝင်တွေက ပြောကြားလိုက်တာ၊ တပ်မတော်နဲ့ TNLA တို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား သန်း ၂၀ ဖမ်းမိတာနဲ့ အမေရိကန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေက ၂၀၂၀ သမ္မတရွေးကောက်ပွဲကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချက်ချက် အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅)
-
၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅)
-
၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း
-
၁၆ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၅)
-
၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၅ ၊ ၂၀၂၅)
-
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၄ ၊ ၂၀၂၅)