ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - George Floyd သေဆုံးမှုနဲ့ ဖမ်းခံထားရတဲ့ ရဲအရာရှိအပေါ် တင်ထားတဲ့စွဲချက်ကို တိုးမြင့်လိုက်တာ၊ George Floyd သေဆုံးမှုရဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေကို တွေ့နေရပေမယ့် အတော်များများကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြလိုကြတဲ့အကြောင်း၊ George Floyd သေဆုံးတဲ့ ဖြစ်စဉ်မှာ လူမှုကွန်ယက်တွေရဲ့ အရေးပါမှု၊ ဗြိတိန်မှာတော့ ကိုဗစ်ကြောင့် ကန့်သတ် ပိတ်ပင်ထားတာတွေ တဖြည်းဖြည်းချင်း ဖြေလျော့ဖို့ ပြင်ဆင်နေတာ၊ မြန်မာနိုင်ငံက အသက် ၈ နှစ်အရွယ် အချက်အပြုတ် ပညာရှင် Little Chef အကြောင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်တွေထဲ ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေ ဖမ်းဆီးခံရတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်တို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၀၁ ဧၿပီ၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း
-
၃၁ မတ္၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း
-
၃၀ မတ္၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၉ မတ္၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၈ မတ္၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၇ မတ္၊ ၂၀၂၅ဗွီအိုအေ မြန်မာနံနက်ခင်း