သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နံနက်ပိုင်း ၆း၀၀-၇:၀၀


နံနက်ပိုင်း ၆း၀၀-၇:၀၀
please wait

No media source currently available

0:00 0:59:59 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်မှာ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေပြင်ဖို့ လွှတ်တော်အတွင်း ပြင်ဆင်နေတာ၊ ရခိုင်မြောက်ပိုင်းမှာ ဖမ်းခံထားရတဲ့အရပ်သားတွေ အခုချိန်ထိ အဆက်အသွယ်မရသေးသလို ချင်းပြည်နယ်၊ ပလက်ဝမြို့မှာလည်း အခုရက်ပိုင်း ဖမ်းဆီးမှုတွေ ဆက်ရှိနေတာ၊ ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေမှာ ပါတီပွဲကျင်းပနေတဲ့ ထိုင်းနဲ့ မြန်မာတွေ ကိုဗစ်အရေးပေါ်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းခံခဲ့ရတာ၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကူးစက်သူ များလာနေတဲ့အတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေတာ၊ အာရ NLD ပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ပုံစံတွေ လုပ်ဆောင်နေတဲ့အပေါ် နိုင်ငံရေးပါတီတွေက ဝေဖန်လိုက်တာနဲ့ ထိုင်း-မြန်မာနယ်စပ် ကော့သောင်းကနေ ပြန်လာသူ မြန်မာနိုင်ငံသား ၇၀၀ ဝန်းကျင်ရှိတဲ့အထဲ ကိုဗစ်ကူးစက်နေသူ တဦးမှ မတွေရတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချက် အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

XS
SM
MD
LG