ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်က ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ရဲတပ်ဖွဲ့ပြုပြင်ရေးဆိုင်ရာ တောင်းဆိုနေကြတာ၊ နှစ် ၇၀ ပြည့်လာပြီဖြစ်တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးအပေါ် နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်၊ လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ပါ့မလား တိုင်းရင်းသားပါတီတွေ စိုးရိမ်နေကြတာ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ဘာကြောင့် ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးမခံလိုကြတာလဲဆိုတာနဲ့ မြစ်ကြီးနား စီးပွားဇုံသက်တမ်းတိုးရေးမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အင်္ဂါည ဆွေးနွေးခန်း ပြန်လည်ထုတ်လွှင့်ချက်နဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၃
-
၀၄ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖေါ်ဝါရီ ၄ ရက် ၂၀၂၃ စနေနေ့
-
၀၃ ဖေဖော်ဝါရီ၊ ၂၀၂၃
ဖေဖော်ဝါရီ ၃၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၀၂ ဖေဖော်ဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၊ ၂၀၂၃)
-
၀၁ ဖေဖော်ဝါရီ၊ ၂၀၂၃
ဖေဖော်ဝါရီ ၁၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၃၁ ဇန်နဝါရီ၊ ၂၀၂၃
နံနက်ပိုင်း ၆း၀၀-၇:၀၀