သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မှာ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံနေတဲ့အပေါ် စိုးရိမ်ကြောင်း အာဖရိကခေါင်းဆောင်တွေပြော


ွGeorge Floyd သေဆုံးမှုအတွက် ဆန္ဒပြသူများ
ွGeorge Floyd သေဆုံးမှုအတွက် ဆန္ဒပြသူများ

Zawgyi/Unicode

အမေရိကန်နိုင်ငံ Minneapolis မြို့ မှာ ပြီးခဲ့တဲ့သီတင်းပတ်က အာဖရိကန် - အမေရိကန်အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတလွှား မြို့ကြီး အတော်များများမှာ ဆန္ဒပြကန့်ကွက်မှုတွေ ဆက်ရှိနေချိန်မှာပဲ အာဖရိက ဒေသတွင်း ခေါင်းဆောင်တွေနဲ့ တာဝန်ခံ အရာရှိတွေက စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဂါနာသမ္မတ Nana Akufo-Addo က အခုလို ၂၁ ရာစုမှာ ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ခွဲခြားဆက်ဆံမှု ဆိုင်ရာ ပြဿနာတွေ ဆက်ပေါ်ပေါက်နေတာဟာ မဖြစ်သင့်ဘူးလို့ ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်ပါတယ်။

ကင်ညာနိုင်ငံက အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Raila Odinga ကလည်း အမေရိကန်နိုင်ငံမှာ လူသားအားလုံး အတွက် တရားမ ျှတမှုနဲ့ လွတ်လပ်မှု ရှိဖို့ ဆုတောင်း ကြောင်း ပြောပါတယ်။

အာဖရိကသမဂ္ဂ ကော်မရှင် အကြီးအကဲ Moussa Faki Mahamat က Floyd သေဆုံးမှုအတွက် အစိုးရက တာဝန်ယူဖြေရှင်းဖို့ တောင်းဆိုခဲ့တဲ့ အပြင် ဒါဟာ လူသတ်မှု လို့လည်း ပြင်းထန်တဲ့ အသုံးနှုန်းနဲ့ ပြောဆိုခဲ့တာပါ။

Floyd ကို ဖမ်းဆီးခဲ့တဲ့ရဲကို တတိယဆင့် လူသတ်မှု နဲ့ လူသေစေမှုတွေနဲ့ဖမ်းဆီးခဲ့ပြီး နောက်မှာပဲ အာဖရိကန်တိုက်က နိုင်ငံတွေဖြစ်တဲ့ ကင်ညာ၊ ယူဂန်ဒါ၊ တန်ဇီးနီးယား နဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် သံရုံးတွေက Floyd သေဆုံးရမှု နဲ့ပတ်သက်ပြီး စိတ်ပူကြောင်း ကြေညာချက်တွေ ရှားရှားပါးပါး ထုတ်ပြန်ကြပြီး ဒီသေဆုံးမှု အတွက် တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့ တောင်းဆိုခဲ့ကြပါတယ်။

တချိန်ထည်းမှာပဲ တောင်အာဖရိကနိုင်ငံက လက်ရှိအာဏာရ အာဖရိကအမျိုးသားကွန်ဂရက် ANC ပါတီကလည်း George Floyd အပါအဝင် အာဖရိကန် အမေရိကန်တွေ သေဆုံးရတာကို ကြည့်ရင် အမေရိကန် လူမှု အသိုင်းဝိုင်းက လူမည်းတွေရဲ့ အသက်ကို တန်ဖိုး သိပ်မထားတာဘူး ဆိုတာပြနေတယ်လို့ မှတ်ချက်ပေးခဲ့တာပါ။

အာဖရိကဒေသ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ အကြီးအကဲ ကတော့ George Floyd ရဲ့ ဖြစ်ရပ်ဟာ လူနဲစု အသိုင်းဝိုင်းတွေရဲ့ ရုန်းကန်လှုပ်ရှားနေတာကို မီးမောင်းထိုးပြ နေသလို ဒါဟာ အဖွဲ့အစည်းအားလုံး အတွက် စိန်ခေါ်မှု တခု လို့လည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]









XS
SM
MD
LG