သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ


နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
please wait

No media source currently available

0:00 0:59:59 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ အမိန့်ကြေညာချက်တရပ် သမ္မတ Trump က လက်မှတ်ထိုး ထုတ်ပြန်လိုက်တာ၊ အမေရိကန်နိုင်ငံ ကိုလိုရားဒိုးပြည်နယ်က အသားစက်ရုံမှာ အလုပ်လုပ်ရင်း Covid-19 ကူးစက် ကွယ်လွန်သွားတဲ့ မြန်မာမိသားစုက စက်ရုံကို တရားစွဲဖို့ ပြင်ဆင်နေတာ၊ ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်တဲ့အခြေအနေတွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့တာ၊ အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်ရေးတိုးမြင့်ဆောင်ရွက်နိုင်မယ့် အလားအလာနဲ့ ထိုင်းနိုင်ငံမှာ စားသောက်ဆိုင်တွေ ပြန်ဖွင့်နေတဲ့အကြောင်း စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အင်္ဂါည စကားဝိုင်းအစီအစဉ် ပြန်လည် ထုတ်လွင့်ချက်နဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

XS
SM
MD
LG