ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်မှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရီပတ်ဘလီကန်တွေရဲ့ ဥပဒေမူကြမ်းကို ဒီမိုကရက်တွေဘက်က ဝေဖန်လိုက်တာ၊ ကိုဗစ်လူနာတချို့ကို စမ်းသပ်ကုသတာမှာ ရလာဒ်ကောင်းတွေ တွေ့ရှိခဲ့တဲ့ Dexamethasone ဆေးဟာ မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် လွယ်လွယ် သောက်ကြမှာစိုးရိမ်ကြောင်း ဗြိတိန်က ဝါရင့် မြန်မာဆရာဝန်ကြီးတယောက်က သတိပေးလိုက်တာ၊ ကိုဗစ်ကြောင့် တရုတ်နိုင်ငံမှာ အလုပ်လက်မဲ့တွေ အများအပြားရှိလာတာ၊ ဒီနှစ်အတွက် ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဘယ်လို ဆောင်ပုဒ်ပေးထားသလဲဆိုတာနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းဆောင်းပါး စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်တို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၂၇ ဇန်နဝါရီ၊ ၂၀၂၃
ဇန်နဝါရီ ၂၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၆ ဇန်နဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၂၆၊ ၂၀၂၃
-
၂၅ ဇန်နဝါရီ၊ ၂၀၂၃
ဇန်နဝါရီ ၂၅၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၄ ဇန်နဝါရီ၊ ၂၀၂၃
နံနက်ပိုင်း ၆း၀၀-၇:၀၀
-
၂၃ ဇန်နဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၂၃၊ ၂၀၂၃)
-
၂၂ ဇန်နဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာမနက်ခင်း (ဇန္နဝါရီ ၂၁၊ ၂၀၂၃)