ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - လက်တင်အမေရိကားနဲ့ တောင်အမေရိကားတို့ကနေ အမေရိကန်ပြည်ထောင်စုကို အထောက်အထားမပါဘဲ ရောက်လာကြတဲ့ ကလေးငယ်တွေအရေး အမေရိကန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်၊ အမေရိကန် ရဲတပ်ဖွဲ့ပြုပြင်ရေး ဆန္ဒပြတောင်းဆိုမှုရဲ့ နောက်ဆက်တွဲအခြေအနေ၊ ကိုဗစ်ကြောင့် သွားလာမှုတွေ ကန့်သတ်ထားပေမယ့် အမေရိကန်က အိမ်ခြံမြေရောင်းဝယ်သူတွေဟာ နည်းပညာကို အသုံးပြီး လုပ်ငန်းတွေရပ်မသွားအောင် လုပ်ဆောင်နေကြတာ၊ အိန္ဒိယမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဆယ်စုနှစ်ပါးကြာ ဒုက္ခသည်စခန်းထဲမှာ နေကြရသူတွေရှိနေသလို ဒုက္ခသည်အရေအတွက်ဟာလည်း တိုးလာနေတဲ့အကြောင်းနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းဆောင်းပါး စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၃ မတ်၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၃ ရက်၊ ၂၀၂၅)
-
၁၂ မတ်၊ ၂၀၂၅
ဗီအိုအေ မြန်မာဗုဒ္ဓဟူးမနက်ခင်း မတ် ၁၂ ၂၀၂၅
-
၁၁ မတ်၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၁၊ ၂၀၂၅)
-
၁၀ မတ်၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၀ ၊ ၂၀၂၅)
-
၀၉ မတ်၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၉ ရက် ၂၀၂၅)
-
၀၈ မတ်၊ ၂၀၂၅
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၈ ရက်၊ ၂၀၂၅)