ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ရေး အခက်အခဲတချို့ ကြုံနေရတဲ့အခြေအနေ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ်ကူးစက်ခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ ကြိုတင် ပြင်ဆင်မှု အားနည်းနေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြတဲ့အခြေအနေ၊ ကိုဗစ်ကာလအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ့်အလားအလာ၊ အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးအစီအစဉ်နဲ့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းဆောင်းပါး စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတို့ တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၀၁ ဇူလိုင်၊ ၂၀၂၂
VOA မြန်မာနံနက်ခင်း ဇူလိုင်(၁)ရက် ၂၀၂၂
-
၂၉ ဇွန်၊ ၂၀၂၂
ဗွီအိုအေ နံနက်ခင်းရေဒီယိုအစီအစဉ် ဇွန် ၂၉ ၊ ၂၀၂၂။
-
၂၈ ဇွန်၊ ၂၀၂၂
၂၀၂၂ ဇွန်လ(၂၈)ရက် အင်္ဂါမနက်ခင်း VOA
-
၂၇ ဇွန်၊ ၂၀၂၂
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် ဇွန် ၂၇၊ ၂၀၂၂။
-
၂၆ ဇွန်၊ ၂၀၂၂
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ