သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နံနက်ပိုင်း ၆း၀၀-၇:၀၀


နံနက်ပိုင်း ၆း၀၀-၇:၀၀
please wait

No media source currently available

0:00 0:59:59 0:00
တိုက်ရိုက် လင့်ခ်

ဗွီအိုအေရဲ့ အင်္ဂါနေ့မနက်ခင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလဲ တိုက်ရိုက် ထုတ်လွှင့် ပေးနေပါတယ်။ ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ကိုဗစ်ကပ်ရောဂါနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံမှာ နိုဝင်ဘာလကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ် မျှတမှုရှိပါ့မလားလို့ နိုင်ငံရေးပါတီတွေက မေးခွန်းထုတ်နေကြတာ၊ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ဒုက္ခသည်တွေ ရာနဲ့ချီပြီး ဆက်လက် ထွက်ပြေးနေကြရတာ၊ ရခိုင်ပြည်နယ်အတွင်း ဆိုးရွားလာနေတဲ့အခြေအနေတွေရပ်တန့်အောင် လုပ်ဆောင်ကြဖို့ ပြည်ပရောက် တိုင်းရင်းသားအင်အားစုတွေက တောင်းဆိုလိုက်တာ၊ တန်ဇန်းနီးယားက ကိုဗစ်နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအခြေအနေနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းဆောင်းပါး စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချချက်အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

XS
SM
MD
LG