ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နောက်ကွယ်က ပံ့ပိုးပေးသူရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာ၊ ရှမ်းမြောက်မှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ရွာသားအမှု စုံစမ်းပေးဖို့ တောင်းဆိုလိုက်တာ၊ မလေးရောက် မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ရေးမှာ ကြန့်ကြာမှုတွေ ရှိနေသေးတာ၊ ကိုဗစ်ကူးစက်ခံထားရကြောင်း ကြေညာထားတဲ့ One Championship ရဲ့ နှစ်ထပ်ကွမ်း ရွှေခါးပတ်ဆုရှင် အောင်လအန်ဆန်က သူ ကျန်းမာတဲ့အကြောင်းနဲ့ နောင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွေအတွက် မစိုးရိမ်ဖို့ ပရိတ်သတ်တွေကို ပြောကြားလိုက်တာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
23 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
22 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
21 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
20 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ