ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ဗြိတိန်အစိုးရက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို Global Magnitsky Human Rights Accountability Act ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ တာဝန်ခံရေးဆိုင်ရာဥပဒေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ၊ ဖားကန့် ကျောက်စိမ်းတွင်းမှာ လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ မတော်တဆမှုနဲ့ဆက်နွယ်ပြီး တပ်မတော် အဆင့်မြင့်အရာရှိ ၂ ဦးကို အရေးယူလိုက်တာ၊ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ဆက်ကျနေတာကြောင့် ပို့ကုန်လုပ်ငန်းထိခိုက်မှာ စိုးရိမ်နေကြတာ၊ ကိုဗစ်ကာလ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်တာကြောင့် တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ထိခိုက်နစ်နာမှုတွေ ရှိနေတာ စတဲ့ သတင်းလွှာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချက် အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၀၁ ဖေဖော်ဝါရီ၊ ၂၀၂၃
ဖေဖော်ဝါရီ ၁၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၃၁ ဇန်နဝါရီ၊ ၂၀၂၃
နံနက်ပိုင်း ၆း၀၀-၇:၀၀
-
၃၀ ဇန်နဝါရီ၊ ၂၀၂၃
ဇန်နဝါရီ ၃၀၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၂၉ ဇန်နဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာမနက်ခင်း (ဇန္နဝါရီ ၂၉၊ ၂၀၂၃)
-
၂၈ ဇန်နဝါရီ၊ ၂၀၂၃
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီ ၂၈ ရက် ၂၀၂၃ စနေနေ့
-
၂၇ ဇန်နဝါရီ၊ ၂၀၂၃
ဇန်နဝါရီ ၂၇၊ ၂၀၂၃ ဗွီအိုအေ မြန်မာနံနက်ခင်း