ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ မိဘတွေအနေနဲ့ သားသမီး ကိုဗစ် အကူးမခံရအောင် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်တာ၊ ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ချိန်တန်နေပြီဖြစ်ပေမယ့် မဖွင့်နိုင်သေးတာ၊ မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားတွေကို မလေးရှားက သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်ပို့ဖို့ ပြင်ဆင်နေတာ၊ ကိုဗစ်က မိခင်တွေနဲ့ ရင်သွေးတွေအကြား ဘယ်လိုရိုက်ခတ်မှုတွေ ရှိနေသလဲ၊ ပြင်သစ်နိုင်ငံက အမျိုးသားနေ့ဟာ ကိုဗစ်ကြောင့် အရင်လို စည်ကားမှုမရှိတာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချက်အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
၁၇ သြဂုတ်၊ ၂၀၂၂
(သြဂုတ် ၁၇ ၊ ၂၀၂၂) နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
၁၆ သြဂုတ်၊ ၂၀၂၂
နံနက်ပိုင်း ၆း၀၀-၇:၀၀
-
၁၅ သြဂုတ်၊ ၂၀၂၂
ဗွီအိုအေ နံနက်ခင်း ရေဒီယို အစီအစဉ် သြဂုတ်လ ၁၅၊ ၂၀၂၂။
-
၁၄ သြဂုတ်၊ ၂၀၂၂
သြဂုတ် ၁၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၁၃ သြဂုတ်၊ ၂၀၂၂
သြဂုတ် ၁၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
-
၁၂ သြဂုတ်၊ ၂၀၂၂
သြဂုတ် ၁၂၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း