သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ


နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
please wait

No media source currently available

0:00 0:59:59 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - မြန်မာနိုင်ငံရဲ့အနေအထားကို ကမ္ဘာက ပိုနားလည်လာအောင် တံခါးဖွင့်ထားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အသစ်က တိုက်တွန်းလိုက်တာ၊ မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေဟာ ကိုဗစ်ကြောင့် ယာယီအစီအမံတွေနဲ့ ဆောင်ရွက်နေပေမယ့်လည်း တာဝန်လွှဲပြောင်းတဲ့နေရာမှာ အခက်အခဲတွေ ရှိနေသေးတာ၊ ကပ်ဘေးဒဏ်ခံနေရတဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို မြန်မာဘက်က စိုက်ပျိုးထုတ်ကုန်တွေ ပိုတင်ပို့နိုင်ဖို့ မျှော်လင့်နေကြတာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အင်္ဂါညစကားဝိုင်း ပြန်လည် ထုတ်လွှင့်ချက်နဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

XS
SM
MD
LG