သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျမကို ကုလားမလို့ မခေါ်စေချင်ကြောင်း ပြောလာတဲ့ မေဝတ်မှုန်ဖြူနဲ့ Skype ကနေ ဆက်သွယ်မေးမြန်းခန်း


ကုလားဆိုတဲ့ အသုံးအနှုန်းကို ခွဲခြား ဆက်ဆံတဲ့နေရာမှာ တွင်တွယ်ကျယ်ကျယ် အသုံးပြုလာတဲ့အတွက် ဘာသာခြားပေမဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းသူတွေအတွက် လူမျိုးရေးခွဲခြားမှုမျိုး ဖြစ်နေတယ်လို့ ခံစားရကြောင်း မမေဝတ်မှုန်ဖြူက ဗွီအိုအေကို ပြောပါတယ်။

Zawgyi/ Unicode

အစ္စလာမ်ဘာသာဝင် မမေဝတ်မှုန်ဖြူ ခေါ် ခရစ်တင်း ဟာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်က အနုပညာကျောင်းတကျောင်းမှာ ပညာဆည်းပူးနေတာ တနှစ်နီးပါး ရှိနေပါပြီ။
ခေတ်စနစ်ပြောင်းလဲလာချိန် မြန်မာမှာ ခေါ်နေတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို ခွဲခြား ဆက်ဆံတဲ့နေရာမှာ တွင်တွယ်ကျယ်ကျယ် အသုံးပြုလာတဲ့အတွက် ဘာသာခြားပေမဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းသူတွေအတွက် လူမျိုးရေးခွဲခြားမှုမျိုး ဖြစ်နေတယ်လို့ ခံစားရကြောင်း မမေဝတ်မှုန်ဖြူက ဗွီအိုအေကို ပြောပါတယ်။

ဘာသာခြားလူငယ်တွေအနေနဲ့ မှတ်ပုံတင်လုပ်တဲ့နေရာမှာ ကန့်သတ်ခံရတာ၊ ဆေးနဲ့ စက်မှု စတဲ့ အစိုးရပိုင် အဆင့်မြင့် တက္ကသိုလ်တွေမှာ တက်ခွင့်မရတာ စတဲ့ ခွဲခြားကန့်သတ်မှုတွေ ရင်ဆိုင်နေရတယ်လို့ လည်း ဆိုပါတယ်။

မိခင်ဖြစ်သူက ကရင် ခရစ်ယာန်ဘာသာဝင်၊ ဖခင်ဖြစ်သူက အစ္စလာမ်ဘာသာဝင် ကနေ မမေဝတ်မှုန်ဖြူတယောက် မွေးဖွားကြီးပြင်းလာတာပါ။
ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက အမေရိကန်ကစတင်ခဲ့ပြီး တကမ္ဘာလုံးကို ပြန်နှံသွားတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ကို အားကြတဲ့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ "Don't call me Kalar" ဆိုတဲ့ ကိုယ်ပိုင် Campaign လှုပ်ရှားမှုကို စတင်ခဲ့ကြပါတယ်။

အငြင်းပွားဖွယ်ရာ ကုလားဆိုတဲ့ အသုံးအနှုန်းမှာ ခွဲခြားနှိမ်ချမှုတွေပါနေတယ်လို့ ခံစားရတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ အိန္ဒိယန်းလူငယ်တချို့က ဦးဆောင်ခဲ့တာပါ။ ကုလားလို့ ဘာကြောင့်မခေါ်သင့်သလဲဆိုတဲ့အပေါ် မမေဝတ်မှုန်ဖြူရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
--------------

XS
SM
MD
LG