ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - နိုဝင်ဘာရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရကြမယ့် လူငယ်တွေ သူတို့အခွင့်အရေးကို အသုံးမချနိုင်မယ့်အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေတာ၊ ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ ဧရာဝတီတိုင်းအတွင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတာ၊ ကိုဗစ် ကြိုတင် ကာကွယ်မှုတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ကြဖို့ WHO က တိုက်တွန်းလိုက်တာ၊ အမေရိကန်ဌာနေတိုင်းရင်းသားတွေလည်း ကိုဗစ်ကူးစက်ခံနေရတဲ့အခြေအနေ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
17 ဧပြီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
16 ဧပြီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
15 ဧပြီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
14 ဧပြီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
13 ဧပြီ၊ 2021
နံနက်ပိုင်း ၆း၀၀-၇:၀၀