သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နံနက်ပိုင်း ၆း၀၀-၇:၀၀


နံနက်ပိုင်း ၆း၀၀-၇:၀၀
please wait

No media source currently available

0:00 0:59:59 0:00
တိုက်ရိုက် လင့်ခ်

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်နဲ့ တရုတ်အကြား နိုင်ငံရေးတင်းမာမှုဖြစ်လာနေတာက မြန်မာအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ မိုးသည်း ရေကြီးမှုတွေ ဖြစ်နေတာ၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက နယ်ခြားစောင့်တပ်စခန်း ၂ ခု ရုပ်သိမ်းပြီးတဲ့နောက် မီးရှို့ခံလိုက်ရတာ၊ ဥရောပတိုက်က အမှာကုန်တွေ လျော့ကျသွားတာကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း နာလန်ထူဖို့ အခက်အခဲရှိနိုင်တာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံ့ရောင်သတင်းလွှာနဲ့ အင်္ဂလိပ်စာပို့ချချက် အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။

XS
SM
MD
LG