ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေ နည်းနေတာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ တရုတ်သံရုံးတို့ အပြန်အလှန် စကားစစ်ထိုးကြတဲ့ကိစ္စအပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအရာရှိဟောင်းတဦးရဲ့ သုံးသပ်ချက်၊ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့် ပြုနေပေမယ့် တရားမ၀င် အလုပ်သမားတွေကို ဆက်လက် ဖမ်းဆီးနေတာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အင်္ဂါညစကားဝိုင်း ပြန်လည် ထုတ်လွှင့်ချက်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
20 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
17 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
16 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
15 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ