သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ဆင္ေရး နဲ႔ စီးပြားေရး


Hpakant
စစ္ဆင္ေရး နဲ႔ စီးပြားေရး
please wait

No media source currently available

0:00 0:05:12 0:00
တိုက္႐ိုက္ လင့္ခ္

စီးပြားေရးအက်ဳိးအျမတ္ ရရိွဖို႔ ရည္ရြယ္ၿပီး စစ္ဆင္ေရးလုပ္တဲ့ မဟာဗ်ဴဟာကို တပ္မေတာ္က က်င့္သံုးေနတာၾကာၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ ေက်ာက္စိမ္းနဲ႔ ပတၱျမားထြက္တဲ့ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ စီးပြားေရးအက်ဳိးအျမတ္ ရရိွေရးနဲ႔ စစ္ဆင္ေရးဟာ တသားတည္းျဖစ္ေနတာကို ေတြ႔ရပါတယ္လို႔ ကုလသမဂၢမစ္ရွင္ရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ လက္နက္ကိုင္အုပ္စုေတြ မရပ္တည္ႏိုင္ေအာင္ ေဒသခံေက်းရြာေတြနဲ႔ အဆက္ျဖစ္တဲ့ ျဖတ္ေလးျဖတ္လမ္းစဥ္ဟာ အစိုးရတပ္ေတြ သယံဇာတ ထုတ္ယူႏိုင္ေအာင္ လမ္းခင္းေပးတဲ့ နယ္ေျမရွင္းလင္းေရးလမ္းစဥ္ ျဖစ္ပါတယ္။

လက္နက္ကိုင္ပဋိပကၡ ျဖစ္ပြားတဲ့ေဒသမွာ သယံဇာတ ထုတ္ယူတဲ့အခါနဲ႔ ဖြံ႔ၿဖိဳးေရးစီမံခ်က္လုပ္တဲ့အခါမွာ တပ္မေတာ္အပါအဝင္ လက္နက္ကိုင္အဖြဲ႔အားလံုး လူ႔အခြင့္အေရး ခ်ဳိးေဖာက္ၾကပါတယ္။ ၂၀၁၈ မွာ ကခ်င္ျပည္နယ္ တႏိုင္းေဒသမွာ တပ္မေတာ္စစ္ဆင္ေရး လုပ္တာဟာ ပယင္းနဲ႔ အျခားတြင္းထြက္ပစၥည္းေတြကို KIA ကခ်င္တပ္ဖြဲ႔လက္ထဲက သိမ္းယူဖို႔ျဖစ္တယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ စစ္တပ္ရဲ ႔ စီးပြားေရးေမွာင္ခိုလုပ္ငန္းကို သိသြားတဲ့ ေဒသခံေတြကိုလည္း စစ္တပ္က အေပ်ာက္ရွင္းတတ္ပါတယ္။ အဲဒီအခါမွာ တရားခံမေပၚတဲ့ ရာဇဝတ္မႈေတြ ရိွလာပါတယ္။

ကခ်င္ျပည္နယ္မွာ ေက်ာက္စိမ္းနဲ႔ ပတၱျမား တူးေဖာ္ေနတဲ့ စစ္တပ္ပိုင္ MEHL မွာ လက္ေအာက္ခံကုမၸဏီ (၂၃) ခု ရိွတယ္လို႔ ကုလသမဂၢမစ္ရွင္က ေဖာ္ျပပါတယ္။ ဒါတင္မကေသးပါဘူး၊ တပ္မေတာ္ေျမာက္ပိုင္းတိုင္းကလည္း သီးျခားကုမၸဏီ တည္ေထာင္ၿပီး ေက်ာက္စိိမ္းလုပ္ငန္းမွာ ပါဝင္ေနပါတယ္။ တပ္မေတာ္ထိပ္တန္းအရာရိွေတြကို သယံဇာတ တူးေဖာ္ခြင့္ ခ်ေပးတာလည္း ရိွပါတယ္။ ေရြးေကာက္ပြဲအစိုးရကို ဖြဲ႔စည္းတဲ့ (၂၀၁၁) မွာ ေက်ာက္စိမ္းစစ္ပြဲ စတင္တယ္လို႔ ေျပာႏိုင္ပါတယ္။ ကခ်င္လြတ္ေျမာက္ေရးတပ္ KiA နဲ႔ (၁၇) ႏွစ္ၾကာ အပစ္အခတ္ရပ္စဲထားတာကို ခ်ဳိးဖ်က္ၿပီး ဖားကန္႔ေက်ာက္စိမ္းေျမကို ခ်ဳပ္ကိုင္ဖို႔ စစ္ဆင္ပါေတာ့တယ္။ တိုင္းမွဴးေဟာင္းနဲ႔ သတၱဳတြင္းဝန္ႀကီးေဟာင္း ဦးအုန္းျမင့္ပိုင္တဲ့ ေက်ာက္စိမ္းတြင္းမွာ (၂၀၁၈) က ေျမၿပိဳလို႔ (၁၇) ဦး ေသဆံုးခဲ့ၿပီး တရာေက်ာ္ ဒဏ္ရာ ရရိွပါတယ္။

တပ္မွဴးကစၿပီး အၾကပ္တပ္သားေတြအထိ တႏိုင္းၿမိဳ ႔နယ္ ေက်ာက္စိမ္းလုပ္ငန္းမွာ စီးပြားရွာၾကပံုကိုလည္း ကုလသမဂၢမစ္ရွင္က ေဖာ္ျပပါတယ္။ တႏုိင္းၿမိဳ ႔ေတာ္ဘက္ ေနာ္ေဂ်ဘြန္ေတာင္တန္းက ေရႊေမွာ္နဲ႔ ပယင္းေမွာ္ကို ခ်ဳပ္ကိုင္ႏုိင္ေရးအတြက္ (၂၀၁၇) က တပ္မေတာ္နဲ႔ KIA တိုက္ပြဲျဖစ္ရာမွာ အရပ္သားအမ်ားအျပား ေသဆံုးၾကပါတယ္။ ေက်ာက္မ်က္တူးေဖာ္တဲ့ ကုမၸဏီေတြကိုေရာ လက္လုပ္လက္စား အလုပ္သမားေတြကိုေရာ ေျမာက္ပိုင္းတုိင္းက ဆက္ေၾကးေကာက္ပါတယ္။ ပယင္းေက်ာက္ စစ္ဆင္ေရးမွာလည္း တပ္မေတာ္သားေတြက အရပ္သားေတြကို အတင္းအဓမၼခိုင္းေစပါတယ္။ ေနရာတိုင္းလိုလိုမွာ ရိွေနတဲ့ အစိုးရတပ္သားေတြကို လာဘ္ထိုးႏုိင္မွ ပယင္းေမွာ္ ေရႊေမွာ္မွာ လုပ္ခြင့္ရပါတယ္။ စစ္တပ္ရဲ ႔ ဖြားဘက္ေတာ္ျဖစ္တဲ့ လူ႔အခြင့္အေရး ခ်ဳိးဖ်က္မႈေတြကို ေဒသခံေတြ ခံစားၾကရပါတယ္။

ဖားကန္႔က ေက်ာက္စိမ္းနယ္ေျမ အစိုးရတပ္လက္ေအာက္ ေရာက္ရိွသြားကတည္းက KIA ကခ်င္တပ္ဖြဲ႔ဟာ ပယင္းေမွာ္ေတြကို အားကိုးလာခဲ့ပါတယ္။ ဒါေၾကာင့္ KIA ကို တိုက္ထုတ္ႏုိင္ရင္ ပယင္းေမွာ္က ဝင္ေငြေတြ အစိုးရတပ္ဆီ ေရာက္လာမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ၂၀၁၆ ကစၿပီး တႏိုင္းၿမိဳ ႔နယ္က ေရႊေမွာ္နဲ႔ ပယင္းေမွာ္ကို ခ်ဳပ္ကိုင္ဖို႔ ရည္ရြယ္ၿပီး အစိုးရတပ္က စစ္ဆင္ေရး လုပ္ပါတယ္။ ၂၀၁၇ ေရာက္ေတာ့ တပ္ရင္း (၁၀) ရင္း တႏိုင္းမွာ တပ္စြဲႏိုင္ေနပါၿပီ။ ေမွာ္မွာ ေနထိုင္သူေတြ ထြက္ေပးဖို႔နဲ႔ ထြက္မေပးရင္ KIA နဲ႔ ပူးေပါင္းတဲ့ ရန္သူအျဖစ္ သတ္မွတ္မယ္လို႔ တပ္က ေၾကညာပါတယ္။ ပယင္းနယ္ေျမကို စစ္တပ္က သိမ္းပိုက္လို႔ ေဒသခံေတြ ဒုကၡေရာက္ပံုကို “ေသြးစြန္းေသာ ပယင္း” အမည္နဲ႔ ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ရက္က လြန္ခဲ့တဲ့ႏွစ္က အစီရင္ခံစာတေစာင္ ထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းက မိုင္းရွဴးပတၱျမားနယ္ေျမကိုလည္း စစ္တပ္က ခ်ဳပ္ကိုင္ထားပါတယ္။ စစ္တပ္ပိုင္ MEHL ရဲ ႔ “ျမန္မာ့ပတၱျမားလုပ္ငန္း” လက္ေအာက္မွာ လုပ္ကိုင္ေနတဲ့ ပတၱျမားကုမၸဏီ (၄၇၆) ခုကို လုပ္ပိုင္ခြင့္ လိုင္စင္ထုတ္ေပးထားပါတယ္။ MEHL ရဲ ႔ ပတၱျမားလုပ္ငန္းျဖစ္တဲ့ သစၥာပန္းကုမၸဏီဟာ မိုးမိတ္ၿမိဳ ႔နယ္ မိုင္းဟတ္ေဒသမွာ ေရႊေမွာ္ လုပ္ကိုင္ေနပါတယ္။ “ေအးျမျပည့္စံု” ေရႊေမွာ္ကုမၸဏီရဲ ႔ ညႊန္ၾကားေရးမွဴးဟာ စစ္တပ္ပိုင္ MEC မွာလည္း ညႊန္ၾကားေရးမွဴးတဦး ျဖစ္ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြ ရန္ပံုေငြရွာပံုကိုေတာ့ ကုလသမဂၢမစ္ရွင္က တင္ျပဖို႔ အစီအစဥ္ မရိွဘူးလို႔ ဆိုပါတယ္။

ဒါေပမဲ့ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ ရယူခဲ့စဥ္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တပ္မေတာ္တို႔ၾကား သယံဇာတကို မွ်ေဝမယ့္ အစီအစဥ္ ရိွခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လဲ သယံဇာတ ထုတ္ယူေရးမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ အၿပိဳင္အဆိုင္ တိုက္ခိုက္ေနၾကတာ ျဖစ္ပံုရပါတယ္။ စစ္တပ္က ခ်ဳပ္ကိုင္ထားတဲ့ ေက်ာက္မ်က္နယ္ေျမေတြမွာ တပ္မေတာ္သားေတြဟာ ရာဇဝတ္မႈ မ်ဳိးစံုက်ဴးလြန္ေနတယ္လို႔ ကုလသမဂၢမစ္ရွင္အဖြဲ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။


==Unicode===


စီးပွားရေးအကျိုးအမြတ် ရရှိဖို့ ရည်ရွယ်ပြီး စစ်ဆင်ရေးလုပ်တဲ့ မဟာဗျူဟာကို တပ်မတော်က ကျင့်သုံးနေတာကြာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်စိမ်းနဲ့ ပတ္တမြားထွက်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စီးပွားရေးအကျိုးအမြတ် ရရှိရေးနဲ့ စစ်ဆင်ရေးဟာ တသားတည်းဖြစ်နေတာကို တွေ့ရပါတယ်လို့ ကုလသမဂ္ဂမစ်ရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင်အုပ်စုတွေ မရပ်တည်နိုင်အောင် ဒေသခံကျေးရွာတွေနဲ့ အဆက်ဖြစ်တဲ့ ဖြတ်လေးဖြတ်လမ်းစဉ်ဟာ အစိုးရတပ်တွေ သယံဇာတ ထုတ်ယူနိုင်အောင် လမ်းခင်းပေးတဲ့ နယ်မြေရှင်းလင်းရေးလမ်းစဉ် ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသမှာ သယံဇာတ ထုတ်ယူတဲ့အခါနဲ့ ဖွံ့ဖြိုးရေးစီမံချက်လုပ်တဲ့အခါမှာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံး လူ့အခွင့်အရေး ချိုးဖောက်ကြပါတယ်။ ၂၀၁၈ မှာ ကချင်ပြည်နယ် တနိုင်းဒေသမှာ တပ်မတော်စစ်ဆင်ရေး လုပ်တာဟာ ပယင်းနဲ့ အခြားတွင်းထွက်ပစ္စည်းတွေကို KIA ကချင်တပ်ဖွဲ့လက်ထဲက သိမ်းယူဖို့ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်တပ်ရဲ့ စီးပွားရေးမှောင်ခိုလုပ်ငန်းကို သိသွားတဲ့ ဒေသခံတွေကိုလည်း စစ်တပ်က အပျောက်ရှင်းတတ်ပါတယ်။ အဲဒီအခါမှာ တရားခံမပေါ်တဲ့ ရာဇဝတ်မှုတွေ ရှိလာပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းနဲ့ ပတ္တမြား တူးဖော်နေတဲ့ စစ်တပ်ပိုင် MEHL မှာ လက်အောက်ခံကုမ္ပဏီ (၂၃) ခု ရှိတယ်လို့ ကုလသမဂ္ဂမစ်ရှင်က ဖော်ပြပါတယ်။ ဒါတင်မကသေးပါဘူး၊ တပ်မတော်မြောက်ပိုင်းတိုင်းကလည်း သီးခြားကုမ္ပဏီ တည်ထောင်ပြီး ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်နေပါတယ်။ တပ်မတော်ထိပ်တန်းအရာရှိတွေကို သယံဇာတ တူးဖော်ခွင့် ချပေးတာလည်း ရှိပါတယ်။ ရွေးကောက်ပွဲအစိုးရကို ဖွဲ့စည်းတဲ့ (၂၀၁၁) မှာ ကျောက်စိမ်းစစ်ပွဲ စတင်တယ်လို့ ပြောနိုင်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ် KiA နဲ့ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားတာကို ချိုးဖျက်ပြီး ဖားကန့်ကျောက်စိမ်းမြေကို ချုပ်ကိုင်ဖို့ စစ်ဆင်ပါတော့တယ်။ တိုင်းမှူးဟောင်းနဲ့ သတ္တုတွင်းဝန်ကြီးဟောင်း ဦးအုန်းမြင့်ပိုင်တဲ့ ကျောက်စိမ်းတွင်းမှာ (၂၀၁၈) က မြေပြိုလို့ (၁၇) ဦး သေဆုံးခဲ့ပြီး တရာကျော် ဒဏ်ရာ ရရှိပါတယ်။

တပ်မှူးကစပြီး အကြပ်တပ်သားတွေအထိ တနိုင်းမြို့နယ် ကျောက်စိမ်းလုပ်ငန်းမှာ စီးပွားရှာကြပုံကိုလည်း ကုလသမဂ္ဂမစ်ရှင်က ဖော်ပြပါတယ်။ တနိုင်းမြို့တော်ဘက် နော်ဂျေဘွန်တောင်တန်းက ရွှေမှော်နဲ့ ပယင်းမှော်ကို ချုပ်ကိုင်နိုင်ရေးအတွက် (၂၀၁၇) က တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ်ရာမှာ အရပ်သားအများအပြား သေဆုံးကြပါတယ်။ ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေကိုရော လက်လုပ်လက်စား အလုပ်သမားတွေကိုရော မြောက်ပိုင်းတိုင်းက ဆက်ကြေးကောက်ပါတယ်။ ပယင်းကျောက် စစ်ဆင်ရေးမှာလည်း တပ်မတော်သားတွေက အရပ်သားတွေကို အတင်းအဓမ္မခိုင်းစေပါတယ်။ နေရာတိုင်းလိုလိုမှာ ရှိနေတဲ့ အစိုးရတပ်သားတွေကို လာဘ်ထိုးနိုင်မှ ပယင်းမှော် ရွှေမှော်မှာ လုပ်ခွင့်ရပါတယ်။ စစ်တပ်ရဲ့ ဖွားဘက်တော်ဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ဒေသခံတွေ ခံစားကြရပါတယ်။

ဖားကန့်က ကျောက်စိမ်းနယ်မြေ အစိုးရတပ်လက်အောက် ရောက်ရှိသွားကတည်းက KIA ကချင်တပ်ဖွဲ့ဟာ ပယင်းမှော်တွေကို အားကိုးလာခဲ့ပါတယ်။ ဒါကြောင့် KIA ကို တိုက်ထုတ်နိုင်ရင် ပယင်းမှော်က ဝင်ငွေတွေ အစိုးရတပ်ဆီ ရောက်လာမှာ သေချာပါတယ်။ ဒါကြောင့် ၂၀၁၆ ကစပြီး တနိုင်းမြို့နယ်က ရွှေမှော်နဲ့ ပယင်းမှော်ကို ချုပ်ကိုင်ဖို့ ရည်ရွယ်ပြီး အစိုးရတပ်က စစ်ဆင်ရေး လုပ်ပါတယ်။ ၂၀၁၇ ရောက်တော့ တပ်ရင်း (၁၀) ရင်း တနိုင်းမှာ တပ်စွဲနိုင်နေပါပြီ။ မှော်မှာ နေထိုင်သူတွေ ထွက်ပေးဖို့နဲ့ ထွက်မပေးရင် KIA နဲ့ ပူးပေါင်းတဲ့ ရန်သူအဖြစ် သတ်မှတ်မယ်လို့ တပ်က ကြေညာပါတယ်။ ပယင်းနယ်မြေကို စစ်တပ်က သိမ်းပိုက်လို့ ဒေသခံတွေ ဒုက္ခရောက်ပုံကို “သွေးစွန်းသော ပယင်း” အမည်နဲ့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က လွန်ခဲ့တဲ့နှစ်က အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မိုင်းရှူးပတ္တမြားနယ်မြေကိုလည်း စစ်တပ်က ချုပ်ကိုင်ထားပါတယ်။ စစ်တပ်ပိုင် MEHL ရဲ့ “မြန်မာ့ပတ္တမြားလုပ်ငန်း” လက်အောက်မှာ လုပ်ကိုင်နေတဲ့ ပတ္တမြားကုမ္ပဏီ (၄၇၆) ခုကို လုပ်ပိုင်ခွင့် လိုင်စင်ထုတ်ပေးထားပါတယ်။ MEHL ရဲ့ ပတ္တမြားလုပ်ငန်းဖြစ်တဲ့ သစ္စာပန်းကုမ္ပဏီဟာ မိုးမိတ်မြို့နယ် မိုင်းဟတ်ဒေသမှာ ရွှေမှော် လုပ်ကိုင်နေပါတယ်။ “အေးမြပြည့်စုံ” ရွှေမှော်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးဟာ စစ်တပ်ပိုင် MEC မှာလည်း ညွှန်ကြားရေးမှူးတဦး ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရန်ပုံငွေရှာပုံကိုတော့ ကုလသမဂ္ဂမစ်ရှင်က တင်ပြဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူခဲ့စဉ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြား သယံဇာတကို မျှဝေမယ့် အစီအစဉ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လဲ သယံဇာတ ထုတ်ယူရေးမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာ ဖြစ်ပုံရပါတယ်။ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ကျောက်မျက်နယ်မြေတွေမှာ တပ်မတော်သားတွေဟာ ရာဇဝတ်မှု မျိုးစုံကျူးလွန်နေတယ်လို့ ကုလသမဂ္ဂမစ်ရှင်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG