ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်ကမြို့တွေမှာ သမ္မတထရမ့်က ပြည်ထောင်စုအစိုးရတပ်တွေ စေလွတ်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မြို့တော်ဝန်တွေက တောင်းဆိုလိုက်ကြတာ၊ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ဒီမိုကရက်သမ္မတလောင်း Joe Biden ရဲ့ နိုင်ငံခြားရေးမူဝါဒ ၊ ကိုဗစ်ကာကွယ်ရေးအတွက် အသုံးပြုတဲ့ PPE တွေ စွန့်ပစ်မှုများလာနေတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်လာနေတာ၊ လေထု ပူနွေးလာတာကြောင့် ကမ္ဘာ့သမုဒ္ဒရာတွေထဲက သတ္တဝါတွေအတွက် ခြိမ်းချောက်မှုဖြစ်လာနေတာနဲ့ မြန်မာ့ရွေးကောက်ပွဲအတွက် ကပ်ဘေးကန့်သတ်ချက်တွေနဲ့အညီ ဆောင်ရွက်ခွင့်ပြုမယ့်အကြောင်း တာဝန်ရှိသူတွေက ပြောကြားလိုက်တာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ ဘလော့ဂါတွေပြောသမျှအစီအစဉ်တို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၀၅ ဒီဇင်ဘာ၊ ၂၀၂၄
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၅၊ ၂၀၂၄)
-
၀၄ ဒီဇင်ဘာ၊ ၂၀၂၄
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၄၊ ၂၀၂၄)
-
၀၃ ဒီဇင်ဘာ၊ ၂၀၂၄
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၃၊ ၂၀၂၄)
-
၀၂ ဒီဇင်ဘာ၊ ၂၀၂၄
ဗွီအိုအေမြန်မာနံနက်ခင်း(ဒီဇင်ဘာ ၂၊ ၂၀၂၄)
-
၀၁ ဒီဇင်ဘာ၊ ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၄)
-
၃၀ နိုဝင်ဘာ၊ ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၃၀ ရက်၊ ၂၀၂၄)