ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - သြဂုတ်လဆန်းမှာကျင်ပဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရက် ရွေ့ဆိုင်းရမယ့် အလားအလာများနေတာ၊ လူကုန်ကူးပွဲစားတွေ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းမှား အများအပြား ဖမ်းဆီးခံနေရတာ၊ ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေကြတဲ့ အခြေအနေ၊ ပါကစ္စတန်မှာ ကိုဗစ်ကူးစက်မှုအရှိန်မြင့်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ၊ ကိုဗစ်ကြောင့် အထိနာခဲ့တဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်နာလန်ထူဖို့ အချိန်ယူရလိမ့်မယ်လို့ နိုင်ငံတကာလေကြောင်းလိုင်းအဖွဲ့က ပြောလိုက်တာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
24 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
24 ဇန်နဝါရီ၊ 2021
Letters from Burma (01-24-2021)
-
23 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
-
22 ဇန်နဝါရီ၊ 2021
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ