သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပြည်ထောင်စု COVID-19 ကူးစက်မှုပုံစံနဲ့ ကုသဆေးထုတ်နိုင်ခြေ


ကိုရိုနာဗိုင်းရပ်စ်ပျံပွားနေတဲ့ ပုံစံဟာ အရင်စဖြစ်ခဲ့တဲ့ မတ်နဲ့ ဧပြီလတွေနဲ့ မတူပဲ ဘာရောဂါလက္ခဏာမှ မပြပဲ ကူးစက်လာနေကြောင်း နယူးရောက်က ကူးစက်ရောဂါ အထူးကု ဒေါက်တာဇေယျာသက်ကပြောပါတယ်။

Zawgyi/ Unicode

COVID-19 ကပ်ရောဂါကူးစက်မှု ကမ္ဘာမှာ အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပျံပွားနေတဲ့ ပုံစံဟာ အရင်စဖြစ်ခဲ့တဲ့ မတ်နဲ့ ဧပြီလတွေနဲ့ မတူပဲ ဘာရောဂါလက္ခဏာမှ မပြပဲ ကူးစက်လာနေကြောင်း နယူးရောက်က ကူးစက်ရောဂါ အထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။ အခုလာမယ့် သြဂုတ်လ လယ်လောက်အထိ အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁ သိန်းလေးသောင်းနဲ့ ၁ သိန်း ၇ သောင်းကြားရှိမယ်လို့ ကျန်းမာရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အောက်တိုဘာလကုန်လောက်မှာ ထွက်လာမယ့် ဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ်အမေရိကန် ဆေးပညာရှင်တွေ မျှော်လင့်ချက်ရှိနေတယ်လို့ ဒေါက်တာဇေယျာသက်က ဆိုပါတယ်။
မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

------------------------

XS
SM
MD
LG