သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆုံဆို႔နာေၾကာင့္ ေသဆုံးမူကာကြယ္ေရး


ဆုံဆို႔နာေၾကာင့္ ေသဆုံးမူကာကြယ္ေရး
please wait

No media source currently available

0:00 0:07:30 0:00
တိုက္႐ိုက္ လင့္ခ္

ဆုံဆို႔နာေၾကာင့္ ရွမ္းျပည္အေရွ ႔ပိုင္းမွာ တစ္လအတြင္း ခေလး (၆) ဦး ေသဆုံးခဲ့ရကာ၊ ကိုဗစ္ကာလတေလွ်ာက္ ေသဆုံးသူအေရအတြက္ထိ ေရာက္သြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏွစ္တိုင္း ဆုံဆို႔နာ ႀကိဳၾကားႀကိဳၾကား ျဖစ္ေလ့ရွိၿပီး၊ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အၾကား အျဖစ္နည္းတဲ့ႏွစ္ေတြမွာ (၃၀) ေယာက္ခန႔္ျဖစ္ၿပီး၊ အျဖစ္မ်ားတဲ့ႏွစ္ေတြမွာ (၁၃၅) ကေန (၁၄၀) ေယာက္ခန႔္အထိ ျဖစ္တတ္ေပမယ့္၊ ဒီႏွစ္ေသဆုံးမူႏႈန္းကေတာ့ မ်ားေနပါတယ္။ ဒီေရာဂါျဖစ္လာလွ်င္ ဖ်ားတာ၊ လည္ေခ်ာင္းနာတာနဲ႔ စၿပီး၊ ေနာက္ပိုင္းမွာ အာသီး (၂) ခုၾကား ေပၚလာတဲ့ ဆုံဆို႔နာအေျမႇးပါး (Diphtheria Membrane) ေၾကာင့္ အသက္ရႈလမ္းေၾကာင္းကို ပိတ္ေစၿပီး အသက္ဆုံးရႈံးႏိုင္တာပါ။

ဒီအတြက္ Tracheostomy (ေခၚ) လည္ေခ်ာင္းကို လည္ပင္းကေနေဖာက္ၿပီး အသက္႐ူလမ္းေၾကာင္း ေခတၱခဏဖြင့္ေပးဖို႔ ခြဲစိတ္မူ လုပ္ေပးရပါတယ္။ အခုလို မလုပ္ႏိုင္လွ်င္ေတာ့ အသက္ဆုံးရႈံးတာ ရွိႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအဆင့္ကေန ေကာင္းသြားၿပီးကာမွ၊ ရက္သတၱပတ္ (၄) ပတ္မွ (၆) ပတ္အၾကာမွာ ႏွလုံးေရာင္တာ၊ အာ႐ုံေၾကာ ထိခိုက္တာေတြေၾကာင့္လည္း ေသေပ်ာက္ႏိုင္ပါေသးတယ္။ ဒါေပမဲ့ ဒီေရာဂါျဖစ္တာကို ေစာေစာသိလွ်င္ေတာ့ ႀကိဳတင္ကုသျဖင္းျဖင့္ ေသေပ်ာက္ႏႈန္း နည္းေစႏိုင္ပါတယ္။ တကယ္လို႔ ေစာေစာႀကိဳတင္ မကုႏိုင္လွ်င္ေတာ့၊ (၅)% ကေန (၁၀)% အထိ ေသေပ်ာက္ႏႈန္းရွိႏိုင္ပါတယ္။

ေစေစာႀကိဳသိႏိုင္ဖို႔ ထူးျခားတဲ့ လကၡဏာေတြကို သတိျပဳေစာင့္ၾကည့္ဖို႔ လိုပါတယ္။ အျခားဖ်ားနာတာေတြမွာကဲ့သို႔ အဖ်ားရွိတာ၊ လည္ေခ်ာင္းနာတာေတြ စျဖစ္ေပမယ့္၊ ဆုံဆို႔နာမွာ ထူးျခားတဲ့ လကၡဏာကေတာ့ လည္ပင္းအႀကိတ္ႀကီးၿပီး ႏြားလည္ပင္းကဲ့သို႔ (Bull Neck) အႀကီးႀကီး ျဖစ္လာတတ္ပါတယ္။ ဒါ့အျပင္ လည္ေခ်ာင္းကို စမ္းသပ္ၾကည့္လွ်င္ ပါးစပ္ရဲ႕ ဟိုဘက္ဒီဘက္မွာရွိတဲ့ အာသီးဘက္မွာ (တခ်ိဳ ႔မွာ အာသီးႀကီးေလ့မရွိ) အျဖဴေရာင္ (သို႔မဟုတ္) မီးခိုးေရာင္ အေျမႇးပါး (Membrane) ေပၚလာတာပါ။ ဒီအေျမႇးပါးေလး ဟိုဖက္ဒီဖက္ဆက္သြားလွ်င္ အသက္႐ူမရ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ႏွာေစး၊ ေခ်ာင္းဆိုးတာလဲ စျဖစ္တတ္ၿပီး၊ ႏွာေခါင္းထဲမွာလည္း ဒီ အေျမႇးပါးေပၚလာကာ အသက္ရႈအရမ္းၾကပ္ၿပီး ေသဆုံးေစႏိုင္ပါတယ္။

ဒါေပမဲ့ ဒီ ဆုံဆို႔နာ ျဖစ္သူေတြက ကာကြယ္ေဆး မထိုးထားသူ၊ ကာကြယ္ေဆးမရတဲ့ ကေလးေတြနဲ႔ ကာကြယ္ေဆး ျပည့္စုံေအာင္ မထိုးျဖစ္တဲ့ ကေလးေတြပါ။ မိဘက ကေလးအတြက္ မထိုးေပးျဖစ္တာ၊ တခ်ဳိ ႔သြားလာရခက္ၿပီး ကာကြယ္ေဆးထိုးေပးႏိုင္တဲ့ ေနရာမွာမရွိတာ၊ တခ်ိဳ ႔ စစ္ေဘးေရွာင္စခန္းေတြ ေရာက္ေနတာ၊ တခ်ဳိ ႔မိဘမဲ့ေက်ာင္းေတြမွာ ေနရတာေတြေၾကာင့္ ကာကြယ္ေဆး အျပည့္အဝ မရတာေတြ ရွိေနပါတယ္။

တကယ္ေတာ့ ဒီ ဆုံဆို႔နာကာကြယ္ေဆးေတြကို အမ်ိဳးသားကာကြယ္ေဆးထိုး အစီအစဥ္အေနျဖင့္၊ ကေလး (၂) လ၊ (၄) လ၊ (၆) လ အ႐ြယ္ေတြမွာ ၂၀၁၂ ခုႏွစ္က စထိုးေပးတဲ့ (၅) မ်ိဳးစပ္ကာကြယ္ေဆးမွာ ထည့္သြင္းၿပီးသားပါ။ အခုေနာက္ပိုင္းမွာ ဒီ ကာကြယ္ဆးကို တစ္ႏွစ္ခြဲအ႐ြယ္ေတြမွာလည္း ထပ္ထိုးေပးေနပါၿပီ။ ၂၀၁၂ မတိုင္ခင္တုန္းကလည္း DTP ေခၚ ဆုံဆို႔နာ၊ ေမးခိုင္၊ ၾကက္ညႇာ (၃) မ်ိဳးစပ္ကာကြယ္ေဆးထိုးရာမွာ ဒီကာကြယ္ေဆးပါထားၿပီးသား ျဖစ္ပါတယ္။ အခုလို ကာကြယ္ေဆးထိုးထားသူေတြအေနနဲ႔ ဒီေရာဂါ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ ဒီကာကြယ္ေဆး မထိုးျဖစ္တဲ့ကေလးေတြ စုၿပဳံသြားတဲ့ေနရာမ်ိဳးေတြမွာေတာ့ ကပ္ေရာဂါအသြင္နဲ႔ ျဖစ္ႏိုင္ဖို႔မ်ားပါတယ္။

ဒါေၾကာင့္ ဆုံဆို႔နာကာကြယ္ေဆး မထိုးရေသးတဲ့ကေလးေတြမွာ ဖ်ားတာ၊ လည္ေခ်ာင္းနာတာ၊ လည္ပင္းအႀကိတ္ေရာင္လာတာ၊ အသက္႐ူၾကပ္တာေတြ ျဖစ္လာလွ်င္ အျမန္ဆုံး ေဆး႐ုံျပဖို႔ အေရးႀကီးပါတယ္။ ဒီဘက္တီးယီးယားပိုးက အခ်ဳိ ႔က်န္းမာတဲ့ လူႀကီးေတြမွာ ရွိေနႏိုင္ေပမယ့္ တခ်ိန္ထဲမွာ ေရာဂါျဖစ္လာတတ္ၿပီး၊ အထူးသျဖင့္ ကေလးေတြမွာ အျဖစ္မ်ားပါတယ္။ ဒါ့အျပင္ ဒီပိုးက Tonsil toxin (ေခၚ) အဆိပ္တစ္မ်ိဳးကို ထုတ္လႊတ္တာေၾကာင့္၊ အသက္ေသဆုံးေစႏိုင္တဲ့ အေျမႇးပါး (Membrane) ကို ျဖစ္ေစတာအျပင္၊ ဒီအဆိပ္ေသြးထဲ ေရာက္သြားခဲ့လွ်င္လည္း ႏွလုံးေရာင္တာနဲ႔ ဦးေႏွာက္အာ႐ုံေၾကာ ထိခိုက္တာေတြ ျဖစ္ေစႏိုင္တာပါ။ ဒါေၾကာင့္ အထက္ပါလကၡဏာေတြနဲ႔ ေဆး႐ုံ၊ ေဆးခန္းေရာက္လာၿပီး၊ လည္ေခ်ာင္းကို စစ္ေဆးရာမွာ အေျမႇးပါး (Membrane) ေတြ႕လွ်င္ေတာ့ ဒီေရာဂါျဖစ္ေၾကာင္း ယူဆႏိုင္ပါတယ္။

အဲ့ဒိအခ်ိန္မွာ တို႔ဖတ္ (Swab) ယူစစ္တာ၊ ေသြးစစ္တာေတြလုပ္ၿပီး၊ ဒီေရာဂါေသခ်ာလွ်င္ ပဋိဇီဝပိုးသတ္ေဆး (Antibiotics) ေပးရပါမယ္။ ဒီ ဘက္တီးရီးယားပိုးကို Penicillin နဲ႔ Erythromycin ေဆးေတြနဲ႔ ေသေစႏိုင္ပါတယ္။ ဒါေပမဲ့ ပ်ံ ႔သြားၿပီျဖစ္တဲ့ အဆိပ္အတြက္ အဆိပ္ေျဖေဆး (Antitoxin) ေပးဖို႔လိုပါတယ္။ ဒီ အဆိပ္ေျဖေဆးက အထက္ဗဟိုအဆင့္ကေန မွာယူရတာမို႔၊ ေဆးျပတ္တာမ်ိဳး ျဖစ္ႏိုင္တာကို သတိျပဳၿပီး ျပင္ဆင္ထားသင့္ပါတယ္။

လက္ရွိဆုံဆို႔နာျဖစ္ေနတဲ့ေဒသေတြမွာ ပိုမဆိုးလာေအာင္ ကာကြယ္ႏိုင္ဖို႔အတြက္ ကာကြယ္ေဆးခ်က္ခ်င္း မရႏိုင္လွ်င္၊ ဆုံဆို႔နာျဖစ္သူနဲ႔ ထိေတြ႕ခဲ့သူေတြကို အထက္ပါ ပဋိဇီဝေဆးေတြ တိုက္ေပးႏိုင္ပါတယ္။ ျဖစ္ႏိုင္လွ်င္ ကာကြယ္ေဆး ခ်က္ခ်င္းထိုးေပးသင့္ပါတယ္။ ဒါ့အျပင္ ေရာဂါလကၡဏာျပလာလွ်င္ အဆိပ္ေျဖေဆး စထိုးေပးႏိုင္ပါတယ္။ အထူးသျဖင့္ ကာကြယ္ေဆး မထိုးရသူေတြမွာ အခုလို ပိုလုပ္ေဆာင္ေပးသင့္ပါတယ္။ ဒီေရာဂါျဖစ္သူေတြ႕ထားတဲ့ ေဒသေတြက အရင္ဆုံဆို႔နာ ကာကြယ္ေဆးထိုးၿပီးသားသူေတြကိုလည္း ထပ္မံ အပိုေဆာင္းကာကြယ္ေဆး ထိုးေပးသင့္ပါတယ္။

တစ္ဦးကေန တစ္ဦးကို ကူးစက္မူအတြက္ေတာ့ ႏွာေစးေခ်ာင္းဆိုးတာေတြကို အသက္ရႈလမ္ေၾကာင္းကတစ္ဆင့္၊ ထိေတြမူကတစ္ဆင့္ အျခား ကူးစက္မူေတြကဲ့သို ကာကြယ္ႏိုင္ပါတယ္။ လက္ရွိ ကိုဗစ္ကာကြယ္ေရးမွာကဲ့သို႔ ပါးစပ္နဲ႔ႏွာေခါင္းစီးတပ္တာ၊ လက္စနစ္တက်ေဆးတာ၊ ခပ္ခြာခြာေနတာေတြ လုပ္ေပးျခင္းျဖင့္ ဒီေရာဂါကို ကာကြယ္ၿပီးသား ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါမွာက အနာေတြ ျဖစ္လာတတ္ၿပီး၊ ဒီအနာေတြကို ထိေတြ႔မႈကတစ္ဆင့္လည္း ကူးစက္ႏိုင္ေပမယ့္ အဲဒီလိုျဖစ္တာ ရွားပါတယ္။

ဒီေရာဂါက ကေလးေတြမွာ အဓိကျဖစ္ေပမယ့္ အသက္ႀကီးလာလွ်င္လည္း၊ တခ်ဳိ ႔မွာ ကာကြယ္ေဆးအာနိသင္ ေလ်ာ့သြားတာေၾကာင့္၊ ျပန္ျဖစ္တတ္တာမို႔ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြကို အရင္ေမးခိုင္ကာကြယ္ေဆးပဲ ထိုးရာကေန၊ အခု ဆုံဆို႔နာပါတြဲၿပီး ကာကြယ္ေဆး ထိုးေပးေနပါၿပီး။ တကယ္ေတာ့ ျဖစ္ႏိုင္လွ်င္ လက္ရွိထိုးေပးေနတဲ့ တစ္ႏွစ္ခြဲအျပင္၊ (၅) ႏွစ္အ႐ြယ္မွာလည္း (၄) မ်ိဳးစပ္ (ဆုံဆို႔နာ၊ ၾကည္ညႇာ၊ ေမးခိုင္၊ ပိုလီယို) ကာကြယ္ေဆးအျဖစ္ ထပ္ထိုးေပးသင့္ပါတယ္။ ဒါ့အျပင္ အသက္ (၁၀) ႏွစ္ (၁၅) ႏွစ္အ႐ြယ္ထိပါ၊ ဆုံဆို႔နာနဲ႔ေမးခိုင္ကာကြယ္ေဆးကို အားျဖည့္ထိုးေပးႏိုင္လွ်င္ေတာ့၊ အသက္ႀကီးခ်ိန္ထိ ဒီေရာဂါမျဖစ္ေအာင္ ထိထိေရာက္ေရာက္ ကာကြယ္သြားႏိုင္ပါတယ္။ တကယ္ေတာ့ ဒီေရာဂါက ကာကြယ္ေဆးထိုး ကာကြယ္ႏိုင္တဲ့ေရာဂါသာျဖစ္ၿပီး၊ ေရာဂါျဖစ္လာလွ်င္ေတာင္၊ ေစာေစာကုသေပးျခင္းျဖင့္ အသက္ဆုံးရႈံးမူမွ ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစားဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

ဆုံဆို့နာကြောင့် ရှမ်းပြည်အရှေ့ပိုင်းမှာ တစ်လအတွင်း ခလေး (၆) ဦး သေဆုံးခဲ့ရကာ၊ ကိုဗစ်ကာလတလျှောက် သေဆုံးသူအရေအတွက်ထိ ရောက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်တိုင်း ဆုံဆို့နာ ကြိုကြားကြိုကြား ဖြစ်လေ့ရှိပြီး၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အကြား အဖြစ်နည်းတဲ့နှစ်တွေမှာ (၃၀) ယောက်ခန့်ဖြစ်ပြီး၊ အဖြစ်များတဲ့နှစ်တွေမှာ (၁၃၅) ကနေ (၁၄၀) ယောက်ခန့်အထိ ဖြစ်တတ်ပေမယ့်၊ ဒီနှစ်သေဆုံးမူနှုန်းကတော့ များနေပါတယ်။ ဒီရောဂါဖြစ်လာလျှင် ဖျားတာ၊ လည်ချောင်းနာတာနဲ့ စပြီး၊ နောက်ပိုင်းမှာ အာသီး (၂) ခုကြား ပေါ်လာတဲ့ ဆုံဆို့နာအမြှေးပါး (Diphtheria Membrane) ကြောင့် အသက်ရှုလမ်းကြောင်းကို ပိတ်စေပြီး အသက်ဆုံးရှုံးနိုင်တာပါ။

ဒီအတွက် Tracheostomy (ခေါ်) လည်ချောင်းကို လည်ပင်းကနေဖောက်ပြီး အသက်ရူလမ်းကြောင်း ခေတ္တခဏဖွင့်ပေးဖို့ ခွဲစိတ်မူ လုပ်ပေးရပါတယ်။ အခုလို မလုပ်နိုင်လျှင်တော့ အသက်ဆုံးရှုံးတာ ရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီအဆင့်ကနေ ကောင်းသွားပြီးကာမှ၊ ရက်သတ္တပတ် (၄) ပတ်မှ (၆) ပတ်အကြာမှာ နှလုံးရောင်တာ၊ အာရုံကြော ထိခိုက်တာတွေကြောင့်လည်း သေပျောက်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီရောဂါဖြစ်တာကို စောစောသိလျှင်တော့ ကြိုတင်ကုသဖြင်းဖြင့် သေပျောက်နှုန်း နည်းစေနိုင်ပါတယ်။ တကယ်လို့ စောစောကြိုတင် မကုနိုင်လျှင်တော့၊ (၅)% ကနေ (၁၀)% အထိ သေပျောက်နှုန်းရှိနိုင်ပါတယ်။

စေစောကြိုသိနိုင်ဖို့ ထူးခြားတဲ့ လက္ခဏာတွေကို သတိပြုစောင့်ကြည့်ဖို့ လိုပါတယ်။ အခြားဖျားနာတာတွေမှာကဲ့သို့ အဖျားရှိတာ၊ လည်ချောင်းနာတာတွေ စဖြစ်ပေမယ့်၊ ဆုံဆို့နာမှာ ထူးခြားတဲ့ လက္ခဏာကတော့ လည်ပင်းအကြိတ်ကြီးပြီး နွားလည်ပင်းကဲ့သို့ (Bull Neck) အကြီးကြီး ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် လည်ချောင်းကို စမ်းသပ်ကြည့်လျှင် ပါးစပ်ရဲ့ ဟိုဘက်ဒီဘက်မှာရှိတဲ့ အာသီးဘက်မှာ (တချို့မှာ အာသီးကြီးလေ့မရှိ) အဖြူရောင် (သို့မဟုတ်) မီးခိုးရောင် အမြှေးပါး (Membrane) ပေါ်လာတာပါ။ ဒီအမြှေးပါးလေး ဟိုဖက်ဒီဖက်ဆက်သွားလျှင် အသက်ရူမရ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် နှာစေး၊ ချောင်းဆိုးတာလဲ စဖြစ်တတ်ပြီး၊ နှာခေါင်းထဲမှာလည်း ဒီ အမြှေးပါးပေါ်လာကာ အသက်ရှုအရမ်းကြပ်ပြီး သေဆုံးစေနိုင်ပါတယ်။

ဒါပေမဲ့ ဒီ ဆုံဆို့နာ ဖြစ်သူတွေက ကာကွယ်ဆေး မထိုးထားသူ၊ ကာကွယ်ဆေးမရတဲ့ ကလေးတွေနဲ့ ကာကွယ်ဆေး ပြည့်စုံအောင် မထိုးဖြစ်တဲ့ ကလေးတွေပါ။ မိဘက ကလေးအတွက် မထိုးပေးဖြစ်တာ၊ တချို့သွားလာရခက်ပြီး ကာကွယ်ဆေးထိုးပေးနိုင်တဲ့ နေရာမှာမရှိတာ၊ တချို့ စစ်ဘေးရှောင်စခန်းတွေ ရောက်နေတာ၊ တချို့မိဘမဲ့ကျောင်းတွေမှာ နေရတာတွေကြောင့် ကာကွယ်ဆေး အပြည့်အဝ မရတာတွေ ရှိနေပါတယ်။

တကယ်တော့ ဒီ ဆုံဆို့နာကာကွယ်ဆေးတွေကို အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်အနေဖြင့်၊ ကလေး (၂) လ၊ (၄) လ၊ (၆) လ အရွယ်တွေမှာ ၂၀၁၂ ခုနှစ်က စထိုးပေးတဲ့ (၅) မျိုးစပ်ကာကွယ်ဆေးမှာ ထည့်သွင်းပြီးသားပါ။ အခုနောက်ပိုင်းမှာ ဒီ ကာကွယ်ဆးကို တစ်နှစ်ခွဲအရွယ်တွေမှာလည်း ထပ်ထိုးပေးနေပါပြီ။ ၂၀၁၂ မတိုင်ခင်တုန်းကလည်း DTP ခေါ် ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာ (၃) မျိုးစပ်ကာကွယ်ဆေးထိုးရာမှာ ဒီကာကွယ်ဆေးပါထားပြီးသား ဖြစ်ပါတယ်။ အခုလို ကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ ဒီရောဂါ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီကာကွယ်ဆေး မထိုးဖြစ်တဲ့ကလေးတွေ စုပြုံသွားတဲ့နေရာမျိုးတွေမှာတော့ ကပ်ရောဂါအသွင်နဲ့ ဖြစ်နိုင်ဖို့များပါတယ်။

ဒါကြောင့် ဆုံဆို့နာကာကွယ်ဆေး မထိုးရသေးတဲ့ကလေးတွေမှာ ဖျားတာ၊ လည်ချောင်းနာတာ၊ လည်ပင်းအကြိတ်ရောင်လာတာ၊ အသက်ရူကြပ်တာတွေ ဖြစ်လာလျှင် အမြန်ဆုံး ဆေးရုံပြဖို့ အရေးကြီးပါတယ်။ ဒီဘက်တီးယီးယားပိုးက အချို့ကျန်းမာတဲ့ လူကြီးတွေမှာ ရှိနေနိုင်ပေမယ့် တချိန်ထဲမှာ ရောဂါဖြစ်လာတတ်ပြီး၊ အထူးသဖြင့် ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါ့အပြင် ဒီပိုးက Tonsil toxin (ခေါ်) အဆိပ်တစ်မျိုးကို ထုတ်လွှတ်တာကြောင့်၊ အသက်သေဆုံးစေနိုင်တဲ့ အမြှေးပါး (Membrane) ကို ဖြစ်စေတာအပြင်၊ ဒီအဆိပ်သွေးထဲ ရောက်သွားခဲ့လျှင်လည်း နှလုံးရောင်တာနဲ့ ဦးနှောက်အာရုံကြော ထိခိုက်တာတွေ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် အထက်ပါလက္ခဏာတွေနဲ့ ဆေးရုံ၊ ဆေးခန်းရောက်လာပြီး၊ လည်ချောင်းကို စစ်ဆေးရာမှာ အမြှေးပါး (Membrane) တွေ့လျှင်တော့ ဒီရောဂါဖြစ်ကြောင်း ယူဆနိုင်ပါတယ်။

အဲ့ဒိအချိန်မှာ တို့ဖတ် (Swab) ယူစစ်တာ၊ သွေးစစ်တာတွေလုပ်ပြီး၊ ဒီရောဂါသေချာလျှင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ပေးရပါမယ်။ ဒီ ဘက်တီးရီးယားပိုးကို Penicillin နဲ့ Erythromycin ဆေးတွေနဲ့ သေစေနိုင်ပါတယ်။ ဒါပေမဲ့ ပျံ့သွားပြီဖြစ်တဲ့ အဆိပ်အတွက် အဆိပ်ဖြေဆေး (Antitoxin) ပေးဖို့လိုပါတယ်။ ဒီ အဆိပ်ဖြေဆေးက အထက်ဗဟိုအဆင့်ကနေ မှာယူရတာမို့၊ ဆေးပြတ်တာမျိုး ဖြစ်နိုင်တာကို သတိပြုပြီး ပြင်ဆင်ထားသင့်ပါတယ်။

လက်ရှိဆုံဆို့နာဖြစ်နေတဲ့ဒေသတွေမှာ ပိုမဆိုးလာအောင် ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးချက်ချင်း မရနိုင်လျှင်၊ ဆုံဆို့နာဖြစ်သူနဲ့ ထိတွေ့ခဲ့သူတွေကို အထက်ပါ ပဋိဇီဝဆေးတွေ တိုက်ပေးနိုင်ပါတယ်။ ဖြစ်နိုင်လျှင် ကာကွယ်ဆေး ချက်ချင်းထိုးပေးသင့်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာပြလာလျှင် အဆိပ်ဖြေဆေး စထိုးပေးနိုင်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေး မထိုးရသူတွေမှာ အခုလို ပိုလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီရောဂါဖြစ်သူတွေ့ထားတဲ့ ဒေသတွေက အရင်ဆုံဆို့နာ ကာကွယ်ဆေးထိုးပြီးသားသူတွေကိုလည်း ထပ်မံ အပိုဆောင်းကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။

တစ်ဦးကနေ တစ်ဦးကို ကူးစက်မူအတွက်တော့ နှာစေးချောင်းဆိုးတာတွေကို အသက်ရှုလမ်ကြောင်းကတစ်ဆင့်၊ ထိတွေမူကတစ်ဆင့် အခြား ကူးစက်မူတွေကဲ့သို ကာကွယ်နိုင်ပါတယ်။ လက်ရှိ ကိုဗစ်ကာကွယ်ရေးမှာကဲ့သို့ ပါးစပ်နဲ့နှာခေါင်းစီးတပ်တာ၊ လက်စနစ်တကျဆေးတာ၊ ခပ်ခွာခွာနေတာတွေ လုပ်ပေးခြင်းဖြင့် ဒီရောဂါကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရောဂါမှာက အနာတွေ ဖြစ်လာတတ်ပြီး၊ ဒီအနာတွေကို ထိတွေ့မှုကတစ်ဆင့်လည်း ကူးစက်နိုင်ပေမယ့် အဲဒီလိုဖြစ်တာ ရှားပါတယ်။

ဒီရောဂါက ကလေးတွေမှာ အဓိကဖြစ်ပေမယ့် အသက်ကြီးလာလျှင်လည်း၊ တချို့မှာ ကာကွယ်ဆေးအာနိသင် လျော့သွားတာကြောင့်၊ ပြန်ဖြစ်တတ်တာမို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေကို အရင်မေးခိုင်ကာကွယ်ဆေးပဲ ထိုးရာကနေ၊ အခု ဆုံဆို့နာပါတွဲပြီး ကာကွယ်ဆေး ထိုးပေးနေပါပြီး။ တကယ်တော့ ဖြစ်နိုင်လျှင် လက်ရှိထိုးပေးနေတဲ့ တစ်နှစ်ခွဲအပြင်၊ (၅) နှစ်အရွယ်မှာလည်း (၄) မျိုးစပ် (ဆုံဆို့နာ၊ ကြည်ညှာ၊ မေးခိုင်၊ ပိုလီယို) ကာကွယ်ဆေးအဖြစ် ထပ်ထိုးပေးသင့်ပါတယ်။ ဒါ့အပြင် အသက် (၁၀) နှစ် (၁၅) နှစ်အရွယ်ထိပါ၊ ဆုံဆို့နာနဲ့မေးခိုင်ကာကွယ်ဆေးကို အားဖြည့်ထိုးပေးနိုင်လျှင်တော့၊ အသက်ကြီးချိန်ထိ ဒီရောဂါမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်သွားနိုင်ပါတယ်။ တကယ်တော့ ဒီရောဂါက ကာကွယ်ဆေးထိုး ကာကွယ်နိုင်တဲ့ရောဂါသာဖြစ်ပြီး၊ ရောဂါဖြစ်လာလျှင်တောင်၊ စောစောကုသပေးခြင်းဖြင့် အသက်ဆုံးရှုံးမူမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG