သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်မှုမြန်နေတဲ့ ရခိုင်မှာ အင်တာနက်လိုင်းတွေ ချက်ခြင်းပြန်ဖွင့်ဖို့လိုအပ် (အလိုတော်ပြည့်ဆရာတော် လက်ထောက်)


ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို အချိန်နဲ့တပြေးညီ ရောဂါကာကွယ်ရေးအချက်အလက်တွေသိရဖို့ ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးဖို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လက်ထောက် အသျှင်ကုမာရ က အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကူးစက်မှုနှုန်းမြန်ဆန်ပြီး အန္တရာယ်ကြီးလာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို အချိန်နဲ့တပြေးညီ ရောဂါကာကွယ်ရေးအချက်အလက်တွေသိရဖို့ ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးဖို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လက်ထောက် အသျှင်ကုမာရ က အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။
စစ်တွေအပါအဝင် မြို့နယ် ၁၀ မြို့နယ်အတွက် ရောဂါကာကွယ်ရေး ပိုးသတ်ဆေးရည်တွေ၊ လက်ဆေးရည်တွေ၊ နှာခေါင်းစည်းတွေ၊ အပူချိန်တိုင်း ကိရိယာတွေကို အလိုတော်ပြည့်ပးပို့ လှူဒါန်းရာမှာ လမ်းခရီး အခက်အခဲ တွေ့ကြုံနေရတယ်လို့လည်း အသျှင်ကုမာရ က ဗွီအိုအေကို မိန့်ကြားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခ သာမက လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေဆိုးရွားလာနေတာတွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ဆရာတော် အသျှင်ကုမာရ ကို Skype ကနေ ဆက်သွယ်မေးမြန်းလျှောက်ထားတာကို ကြည့်ရှုနိုင်ပါပြီ။
=============


XS
SM
MD
LG