သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထည်ချုပ်ဝန်ထမ်းတွေအတွက် အီးယူ အကူအညီထပ်ပေး


မေလ ၈ ရက်နေ့တုန်းက ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခု
မေလ ၈ ရက်နေ့တုန်းက ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခု

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါရိုက်ခတ်မှုဒဏ်ခံနေရတဲ့ မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အတွက်ဥရောပ သမဂ္ဂရဲ့” မြန်ကူ” အရေးပေါ် ရန်ပုံငွေအစီအစဉ်ကနေ မြန်မာကျပ်ငွေ ၅.၄ဘီလီယံ (ယူရိုငွေ ၃.၅သန်း) ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူရို ၅ သန်းထောက်ပံ့ ကူညီမယ့် ဥရောပသမဂ္ဂရဲ့ မြန်ကူ အရေးပေါ်ငွေသားရန်ပုံငွေအစီအစဉ်ကို ဒီနှစ် ဧပြီလက စတင်ခဲ့တာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံးခဲ့ကြရတဲ့ မြန်မာနိုင်ငံတဝန်း အထည်ချုပ်စက်ရုံ အမျိုးသမီးအလုပ်သမားထု အများစုကို ထောက်ပံ့ဖို့ အတွက် ရည်ရွယ်ခဲ့တာပါ။

မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ အစပိုင်းအထိ မြန်ကူ အစီအစဉ်ကနေ အရေအတွက် တိုးလာနေတဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ အိတ်စက်ရုံက အလုပ်သမားအရေအတွက်ပေါင်း ၇၀,၅၄၆ (ခုနှစ်သောင်းကျော်) ကို ငွေသားလွဲှပြောင်း ထောက်ပံ့ပေးခဲ့ပါတယ်။

စက်ရုံပေါင်း ၃၄၀ က အလုပ်သမားတွေအတွက် ဒီအစီအစဉ်ကနေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါအပြင် တိုင်းနဲ့ ပြည်နယ်အနှံ့အပြားမှာရှိနေတဲ့ စက်ရုံ အလုပ်သမားတွေလည်း ထောက်ပံ့မှု တချို့ပေးနိုင်ခဲ့ပါတယ်။ မြန်ကူ အရေးပေါ်အစီအစဉ်ကနေ ထောက်ပံ့တဲ့ ငွေသား ၁၀၀%ကို Wave Money မိုဘိုင်းကတဆင့် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂကနေ ကိုဗစ်ကြောင့် အလုပ်ထိခိုက်ခဲ့တဲ့ မြန်မာအထည်ချုပ်အလုပ်သမားတွေကို ကူညီထောက်ပံ့တဲ့ ပျမ်းမျှငွေသားပမာဏ ၇၈,၇၀၀ ကျပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ပိုင်း အလုပ်ဆက်ပြီး လုပ်နေသူတွေကတော့ ထောက်ပံ့ကြေး နည်းပြီး အလုပ်လုပ်မဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားတွေကိုတော့ ထောက်ပံ့မှု အများဆုံးပေးထားပါတယ်။ စုစုပေါင်း ပျမ်းမျှထောက်ပံ့ငွေသားပမာဏဟာ ၃၅၀၀၀ကျပ်ကနေ ၁၂၅၀၀၀ ကျပ်ထိ ရှိပါတယ်။

မြန်မာအထည်ချုပ် အလုပ်သမားအများစုဟာ မိုဘိုင်လ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး သူတို့ကိုယ်ပိုင် စမတ်ဖုန်းတွေလည်း ပိုင်ဆိုင်ကြတာပါ။ ဒီအချက်ဟာ ကိုဗစ် ကပ်ရောဂါ ကူးစက်နေချိန်မှာ ငွေကြေးထောက်ပံံ့မှုကို စီမံခန့်ခွဲဖို့အတွက် မိုဘိုင်လ်ကနေ တဆင့် ငွေလွဲှပြောင်းပေးဖို့ အထူးထိရောက်တဲ့ နည်းလမ်းတခုဖြစ်စေခဲ့ပါတယ်။

ဥရောပ သမဂ္ဂရဲ့ မြန်ကူ ရန်ပုံငွေအစီအစဉ်ကို COVID-19 အကျပ်အတည်းကာလ တလျှောက် ဆက်လက်လုပ်ဆောင်သွားဖို့ရှိပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့အထိ ငွေကြေးထောက်ပံ့မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)








XS
SM
MD
LG