သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေရဲ့ Bush Center ခေါင်းဆောင်မှု သင်တန်းအတွေ့အကြုံ


မဖြိုးဖြိုးအောင် (The Wings Institution) နဲ့ ဒေါက်တာတေဇာဆန်း (မန္တလေး ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း) တို့ဟာ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်က သမ္မတဟောင်း George W. Bush ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ခေါင်းဆောင်မှုသင်တန်းကို တက်ရောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် သူတို့စွမ်းရည်တွေအပြည့်အဝအသုံးချနိုင်ဖို့ နေရာတွေဖန်တီးပေးရေး လိုအပ်နေသလို၊ ဒီအတွက်လည်း တိုင်းပြည် နစ်နာဆုံးရှုံးမှုတွေရှိနေကြောင်း အရပ်ဘက်အဖွဲ့အစည်း လူငယ်ခေါင်းဆောင်တွေက ဗွီအိုအေကိုပြောပါတယ်။

မဖြိုးဖြိုးအောင် (The Wings Institution) နဲ့ ဒေါက်တာတေဇာဆန်း (မန္တလေး ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း) တို့ဟာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ခေါင်းဆောင်မှု အရည်အချင်း မြင့်မားလာရေး ကူညီပံ့ပိုးပေးနေတဲ့ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်က သမ္မတဟောင်း George W. Bush ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၅ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ အသီးသီး တက်ရောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

အမေရိကန်ကို လာရောက်ဆည်းပူးရတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်ခေါင်းဆောင် လူငယ်တွေရဲ့ ကြိုးပမ်း၊ မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
------------------------



XS
SM
MD
LG