No media source currently available
မတ်လ ၂၈ရက်နေ့က ရန်ကုန်ရှိဆန္ဒပြသူတွေဟာ လမ်းတွေထဲ စစ်သားနဲ့ရဲတွေ အလွယ်တကူ ဝင်ရောက်ဖမ်းဆီးလို့မရအောင် အကာအကွယ်အတားအဆီးတွေစီမံရုံမကဘဲ လေးမြှား၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပြန်လည်ခုခံခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရပါတယ်။