သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOAရေဒီယို ည၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


VOAရေဒီယို ည၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
please wait

No media source currently available

0:00 1:00:00 0:00

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ပုလဲမြို့က NLD ရုံးကို စစ်ကောင်စီလုံခြုံရေးတပ်တွေ ဝင်ရောက်ဖျက်ဆီးတာနဲ့အတူ နိုင်ငံအနှံကဆန္ဒပြပွဲတွေ၊ ထိုင်းမြန်မာနယ်စပ်မဲဆောက်အနီးစက်ရုံတခုမှာ မြန်မာ ၇၀ကျော် ကိုဗစ်ပိုးတွေ့ရှိတာ၊ စစ်ကောင်စီကစွဲဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာပွဲနဲ့အလားအလာသုံးသပ်ချက်၊ ကန် ဒုသမ္မတ Kamala Harris ရဲ့ မက်ဆီကိုနယ်စပ်ခရီးစဉ်၊ ကမ္ဘာအကြီးဆုံးစီးပွားရေးလုပ်ငန်းကြီးတွေမှာ တရုတ်ပိုင်လုပ်ငန်းတွေလည်း ပါဝင်လာတာတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်မှာတော့ မြန်မာလူ့အခွင့်အရေးအကြောင်း ဒို့အသံအစီအစဉ်နဲ့ စနေည ဆွေးနွေးဝိုင်းတို့ကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG