သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

VOAရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။နောက်ဆုံးရမြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ ရန်ကုန်မြို့ မရမ်းကုန်းနဲ့အင်းစိန်မှာ ဗုံးပေါက်ကွဲမှု ၅ကြိမ်ထက်မနည်းရှိခဲ့တဲ့သတင်းကို နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ NUG လူ့အခွင့်အရေးဝန်ကြီးနဲ့မေးမြန်းထားတဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှ ပေးစာများနဲ့ သတင်းထဲကသုတအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG