သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ မြင်းခြံမှာ ချောင်းမြောင်းပစ်ခတ်မှုတွေဖြစ်၊ စစ်ကိုင်းတိုင်းဒီပဲယင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အနီးဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီတပ်တွေ ရှာဖွေဖမ်းဆီးမှုပြုလုပ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်းက ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ တွေကို နားဆင်ရဖို့ရှိပါတယ်။ တောင်ကိုရီယားဂီတပွဲတော်က မြန်မာ့ဒီမိုကရေစီရေးအကြောင်း မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများနဲ့ သတင်းထဲက သုတ အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG