သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်လေလှိုင်း


ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုစွဲချက်တင်တဲ့ ၅၀၅(ခ)အမှု ခိုင်လုံတဲ့သက်သေမပြနိုင်ဘူးလို့ တရားခံရှေနေတွေပြောဆို၊ ကိုဗစ်ကူးစက်မှုတွေကြောင့် အင်းစိန်ထောင် အထူးတရားရုံးကစစ်ဆေးနေတဲ့ နိုင်ငံရေးမှုတွေကို ယာယီရပ်နားထား၊ ကိုဗစ်ကူးစက်မှုတွေကြောင့် ရခိုင်မှာ ကျောင်းတွေကို အလှည့်ကျအချိန်ခွဲသင်ဖို့ ညွှန်ကြား၊ ကပ်ဘေးကြောင့် ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းအ၀င်အထွက်ယာယီပိတ်ထား၊ ကရင်ပြည်နယ်ဖားပွန်ခရိုင်တွင်း စစ်ဘေးဒုက္ခသည်တွေ နေထိုင်စားသောက်ရေးခက်ခဲလာတဲ့ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ အမေရိကန်နိုင်ငံရေးအကြောင်းနဲ့အတူ အင်္ဂါနေ့ည စကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG