ညမထွက်ရ အမိန့်ကြောင့် အောက်စီဂျင် အရေးပေါ်လိုအပ်နေတဲ့ ကိုဗစ်လူနာတွေအတွက် အချိန်မှီ ဖြည့်စီးမပေးနိုင်တာကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေဖြစ်နေကြောင်း စေတနာ့ဝန်ထမ်းတဦးက ဗွီအိုအေကိုပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်ပြီး ဆိုးရွားနေတဲ့အခြေအနေမှာ စစ်ဆေးရုံတွေအပါအဝင် ပြည်သူ့ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကို လက်မခံတဲ့အတွက် နေအိမ်တွေမှာပဲ အောက်စီဂျင် တပ်ပြီး ကိုယ့်ဘာသာကိုယ်ကုသနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က စေတနာဝန်ထမ်း ကိုနိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
------------------------------------------------